ညနေစောင်းတဲ့အခါမှာတော့
ရေကူးကန်ဘေးမှာ လူစုံနေပြီဖြစ်သည်။
Kimလင်မယားကလည်း အကင်တွေကို
ပန်းကန်ပြားထဲပြောင်းထည့်ပြီး သင့်တော်တဲ့
အနေအထားရောက်တဲ့အထိ ကပ်ကြေးနဲ့ကိုက်ပြီး
သူတို့ဝိုင်းပေါ်ကိုတင်ထားပေးသည်။အကုန်လုံးက အသက်ပြည့်ပြီးသားတွေဘဲမို့
ကိုယ်စီကိုယ်စီ ဘီယာဘူး ဝိုင်ခွက်တွေရှန်ပိန်ခွက်တွေနဲ့။Min Seokတစ်ယောက်ထဲသာ Colaဘူးနဲ့။"Byunမျိုးနွယ်က ကလေးလေးနာမည်က
Baekhyunဟုတ်တယ်မလား"Mrs.Kimက သူကိုကြည့်ပြီးမေးလာလေသည်။
လက်ကလည်း အသားပြားတွေကို ပန်းကန်ပြားထဲ
ထည့်ပေးလျက်။ဒါပေါ့ သူပါရှိနေတာ။Daddyတို့ကို ဒီနေ့ဒီအိမ်မှာ
အိပ်ချင်တယ်ဆိုပြီး အတင်းပူဆာထားရတာ။
စစချင်းက Alphaတွေပါရှိတာမို့ ခွင့်မပြုချင်။
ဒါပေမယ့် သူငယ်ချင်းတွေနဲ့မတွေ့တာကြာပြီးဖြစ်တာ
ကြောင့် ထို့အပြင် Omegaတွေလည်းရှိပြီး သူတို့နဲ့ဘဲ
တစ်ခန်းထဲအိပ်မှာလို့ သေချာကတိပြုပြီးတဲ့နောက်မှာ
Kimအိမ်မှာအိပ်ခွင့်ရသွားသည်။"ဟုတ်တယ်ဗျ"
ရိုရိုသေသေပြန်ဖြေရင်း ပန်းကန်ထဲကအသားပြားကို
ပါးစပ်ထဲကိုထည့်လိုက်သည်။"အပြင်မှာမြင်ဖူးချင်နေတာကွယ်
NiNiတို့နှစ်မှာ စာအတော်ဆုံး အထူးချွန်ဆုံးကလေးက
အကြီးတန်းတွေရဲ့စံချိန်ကိုတောင်ချိုးပြစ်နိုင်တယ်
ဆိုတော့ အရမ်းတော်တာဘဲ ဝင်ပြိုင်တဲ့ပြိုင်ပွဲတွေမှာ
လည်း ပထမဘဲဆို"ခေါင်းကိုအသာပုတ်ပြီး ပြုံးကာပြောလာတဲ့
Mrs.Kimက အရမ်းကြင်နာတတ်ပုံရသည်။
ဘေးနားလေးကသေနာတွေက သူကိုMrsချီးကျူးတာကို
ကြားပြီး အော့အန်တဲ့ပုံစံတွေလုပ်နေကြသည်။"သူတို့တွေလိုမျိုး တစ်နှစ်တစ်တန်းအောင်ရုံအောင်ပြီး
ပြသနာမီးခွက်ထွန်းရှာတဲ့ကလေးမဟုတ်တော့
Byunအိမ်ကကောင်းလိုက်တာ"စီနီယာRoseကလည်းအသားပြားတွေကိုဝါးနေရင်းနဲ့
ရယ်သည်။Ovlivaကလည်းတစ်ဟားဟားနဲ့။
ဟိုနှစ်ယောက်ကတော့ တက်တောင်
တက်တော့မယ် ရယ်နေကြတာ။
Chanyeollieကလည်း အသံမထွက်ဘဲ စားပွဲခုံကို
တစ်ဒုန်းဒုန်းထုပြီးရယ်သည်။