ကျောင်းရဲ့ပထမဆုံးအတွေ့အကြုံက ကောင်းတာဘဲ

0 0 0
                                    


သူတို့အခုရောက်နေတဲ့နေရာက Londonရဲ့
ဘူတာကြီးတစ်ခုကို။တိတိကျကျပြောရရင်
9 3/4စင်္ကြကနေHagwartsကိုသွားမယ့်
ဘူတာတွင်ဖြစ်သည်။

သူရဲ့တွန်းလှည်းကိုတွန်းပြီး
ထိုအုပ်တိုင်ကြီးတည့်တည့်ထဲကို ပြေးဝင်လိုက်တော့
လူရှုပ်နေတဲ့ စင်္ကြလမ်းတစ်ခုကိုရောက်သွားလေသည်။

ဘေးကိုကြည့်လိုက်တော့ Daddy Mommyနဲ့ Ammaကလည်း သူနောက်ကနေလိုက်ဝင်လာလေ
သည်။

"သားသား Daddyပြောတာသေချာနားထောင်
မင်းကြိုက်တာဘယ်အရာမဆိုလုပ်လိုရတယ်
ဒါပေမယ့် မင်းလုပ်တဲ့အရာကByunမျိုးရိုးကို
မျက်နှာမပျက်စေဖို့ဘဲလိုတယ်"

သူရဲ့ရှေ့ကိုဒူး​တစ်ဖက်ထောက်ကာ သူရဲ့လက်မောင်း
နှစ်ဖက်ကိုဆုတ်ကိုင်ပြီးနုညံစွာပြောနေတဲ့Daddyက
သူကိုအရမ်းမျှော်လင့်ထားပုံ။
မော့ကြည့်လိုက်တော့Mommyကလည်းသူကို
ပြုံးပြီးကြည့်နေလေသည်။

"ဟုတ်ကဲ့ပါ Daddy
ကျွန်တော် ကြိုးစားမှာပါ"

သူပြောလိုက်တော့ အမြဲလိုလိုတည်နေတဲ့Daddy
မျက်နှာက ပြုံးနေလေသည်။
ပျော်တယ်။သူကြောင့် သူရဲ့မိသားစုဝင်တွေ
ပျော်နေတာ ပြုံးနေတာဘဲ လိုချင်တာမို့ကြိုးစားမယ်။
အရာရာအကုန်လုံးကို ပထမရရင် ပျော်ရွင်ကြမှာ
သေချာတယ်။

ရထားကထွက်တော့မှာမို့
Ammaနဲ့ Baek Hyunက မိဘတွေကိုနှုတ်ဆတ်ပြီး
ရထားပေါ်ကိုတက်လိုက်သည်။

ရထားရွေ့သွားတာနဲ့
ထိုင်စရာနေရာရှာဖို့အတွက် ရထားတွဲတွေထဲကိုဝင်သွားလိုက်သည်။အကုန်ပြည့်နေတာတွေပင်။
စီနီယာတွေကသူတို့အသင်းတွေအရတံဆိပ်တွေနဲ့
ကျောင်းဝတ်စုံတွေကိုဝတ်ထားကြသည်။
သူလိုမျိုးပထမနှစ်ကျောင်းသားလေးတွေကတော့
necktileအနက်ရောင်နဲ့Hagwartsကျောင်းတံဆိပ်
တပ်ထားတဲ့ကျောင်းဝတ်စုံတွေပင်ဖြစ်သည်။

သူဖြတ်လာတဲ့တာရထားတွဲသုံးတွဲပင်ရှိလေပြီ။
အတွဲတိုင်းမှာ5ခန်းလောက်ပါပြီးတော့
တစ်ခန်းကို6ယောက်လောက်ထိုင်နိုင်သည်အထိ
ကျယ်လေသည်။ဒါ​ပေမယ့် သူဖြတ်ခဲ့တဲ့အခန်းတွေက
အကုန်ပြည့်နေပြီပင်။Ammaကတော့
သူမရဲ့သူငယ်ချင်း​တွေအခန်းကိုဝင်သွားပြီဖြစ်သည်။

Like MagicWhere stories live. Discover now