Fridayမို့ လုပ်စရာရှိတာတွေအကုန်
ဖြတ်နေလိုက်သည်။ပိတ်ရက်အထိတော့
အလုပ်လုပ်ရတဲ့အထိ စိတ်ဝင်စားနေခြင်းမရှိ။တပ်တစ်ခုလုံးရဲ့စားစရိတ် သောက်စရိတ်တွေ
နောက်ဆုံးမီတာခတွေကအစ အကုန်လုံးကို စာရင်းပြုစု
ရတာမို့ ည8နာရီအထိ မပြီးသေးပေ။
အလုပ်လုပ်နေတဲ့ရုံးခန်းထဲမှာ သူတစ်ယောက်တည်းဘဲရှိတော့တာဖြစ်သည်။စီနီယာအကိုတွေ အမတွေအကုန်လုံးက
ပိတ်ရက်မှာ လုပ်ဖို့ဆိုပြီးတော့တောင် ဖိုင်တွေအကုန်
သူတို့အိပ်ဆောင်ကိုယူသွားလေပြီ။သူကတော့
အပြတ်ဖြတ်ဖို့သာ ရည်ရွယ်ထားသည်။ခါတိုင်းပိတ်ရက်တွေဆိုရင်
Chanyeollieအခန်းသွားပြီး အိပ်တာဘဲဖြစ်သည်။
ဘာမှမလုပ်ဘဲ ဒီတိုင်းအိပ်လိုက် TVကြည့်လိုက်
Chanyeollieအားတဲ့အချိန်မှာလုပ်ပေးထားတဲ့ စားစရာတွေကိုစားလိုက်နဲ့သာ အချိန်ကုန်တာဖြစ်သည်။ဒီတစ်ခေါက်ပိတ်ရက်က ပြင်းဖို့ကောင်းမည်မဟုတ်။
Chanyeollieတင်မကဘူး သူတို့တစ်ဖွဲ့လုံးနီးပါး
အကုန်လုံးပိတ်ရက်ရကြတာမို့ တစ်နေနေရာကို
လျှောက်လည်ဖို့ တိုင်ပင်ထားကြပြီးသား။သူတို့ငါးယောက်အပြင် အကိုMin Seokနဲ့
Roseကပါလိုက်မှာမို့ လူကတော့ တော်တော်
စည်နေပြီ။Wang Yi Boကလွဲရင် အကုန်လုံးကအားတာမို့ငါးမဲမှာ လေးမဲက Dubaiကိုသွားဖို့ဖြစ်သည်။
အကြီးနှစ်ယောက်ကတော့ သွားချင်တဲ့နေရာကို
သွားတဲ့လေ။11ထိုးခါနီးမှာတော့ အကုန်လုံးကိုပြီးအောင်
အဆုံးသတ်လိုက်နိုင်ပြီ။တင်းနေတဲ့ဇက်ကို
ဘယ်ညာချိုးလိုက်ရင်း တစ်ကိုယ်လုံးက အကြောချင်
တွေအကုန် ပြေသွားအောင် ဆန့်လိုက်သည်။အလုပ်လုပ်တဲ့နေရာကို သပ်သပ်ရပ်ရပ်ဖြစ်အောင်
သန့်ရှင်းပြီးတာနဲ့ အပေါ်Coatကလေးကို
ယူပြီး အခန်းအတွင်းက မီးကိုပိတ်လိုက်သည်။
မိန်းချပြီးတာနဲ့ ရုံးခန်းတံခါးကိုသေသေချာချာlockချ
လိုက်၏။Passwordနဲ့မို့ သော့တွေဘာတွေမလိုအပ်။ဆောင်းဝင်ချင်နေပြီဖြစ်တဲ့ ရာသီဥတုက
လေတွေကိုအေးနေစေသည်။လက်မှာကိုင်ထားတဲ့
Coatကိုထပ်ဝတ်လိုက်ရင်း လေအေးအေးလေးကို
ဝအောင်ရှုလိုက်သည်။
