ကောင်းမွန်တဲ့အလုပ်ကြောင့်မို့ အထူးတပ်ဖွဲ့ဝင် ဖြစ်ချင်တယ်...(လစာက အများကြီးတဲ့)

0 0 0
                                    


"အဟမ်း ချော့လို့ပြီးရင် စကားဝိုင်းစကြတော့မလား"

ရောက်ရောက်ချင်းကတည်းက
သူတို့တွေအကုန်လုံးနှုတ်ဆတ်တာတွေ
စကားပြောတာတွေလုပ်နေပေမယ့် Mr.Parkနဲ့ Mr.Byunတို့က သူတို့ကိုအဖက်လုပ်မနေခဲ့ပါဘူး။
ဆူလိုက်ပြန်ချော့လိုက်လုပ်ပြီးတော့ဇာတ်ကားရိုက်
နေကြတာပါ။Byunမျိုးနွယ်ကသခင်လေးက
အရမ်းချေတယ်လို့ ကြားထားတာ မဟုတ်ဘူးဘဲ။

အစကအပီအပြင်ကြီးဆူပူပြီး အော်ငေါက်တော့မယ်လို့
ထင်ရတဲ့ မျက်နှာထားတင်းတင်းနဲ့ Mr.Parkဟာဆိုရင်
Mr.Byunရဲ့ အကြည့်လေးတစ်ချက် မျက်ရည်လေး
တစ်စက်နဲ့တင် ကိုယ့်အမှားပါဖြစ်သွားတာ။အံသြပ။

"ဒါတွေ ကြည့်ကြည့်ပါ
ဝန်ကြီးတွေတော်တော်များများဒီကိစ္စမှာ ပါတယ်"

သူတို့ရှေ့ကို အထပ်လိုက်ကြီးချပေးလာတဲ့
ဖိုင်တွဲတွေကို တစ်ခုစီဆွဲယူပြီးကြည့်လိုက်တော့
အချက်အလက်တွေက စုံစုံလင်လင်။

"ဒီစာရင်းတွေအကုန်လုံးက Mr.Parkရဲ့အိမ်ထဲကနေ
ကျွန်မရှာတွေ့လာခဲ့တာ Mr.Parkက စုံစမ်းရေးအဖွဲ့ရဲ့
ခေါင်းဆောင်လေ သူကိုယ်တိုင်ရေးထားတာမို့
မှားစရာအကြောင်းသိပ်မရှိဘူး"

Mr.Parkလို့ပြောကာကိုရှိသေးတယ်
Mr.Loey Parkကမော့ကြည့်လာသည်။
သူ့အဖေအိမ်ကိုပြောတာကို သူ့အိမ်လို့ထင်နေပုံ။

"Mr Park?? ကျွန်တော်လား"

"မင်းရဲ့ မိဘတွေအိမ်ကိုပြောတာ
စစ်ဌာနချုပ်က ခေါင်းဆောင်တွေလည်းပါတယ်
ငွေကြေးဌာနလည်းပါတယ် တရားရေးဌာနကရော
ပြီးတော့ အိမ်တော်ခြောက်ခုထဲကလည်းပါတယ်"

အကုန်လုံးအလန့်တကြားမော့ကြည့်လိုက်ကြသည်။
သူတို့ထဲကလူတွေက အိမ်တော်လေးခုက
သားသမီးတွေမလား။
(အိမ်တော်ခြောက်ခု-
Weasley,Byun,Oh,Dilmuart,Zhang,Malfoy)

"Ohနဲ့Byunအိမ်တော်"

ကြားလိုက်ရတာက ဟုတ်ရောဟုတ်ရဲ့လား။
Daddyက သူအကျိုးအတွက်ဒါမျိုးတွေလုပ်မှာ
မဟုတ်လောက်ပါဘူး။ပြီးတော့ Mommyကတောင်မှ
ဆေးဖော်ရာမှာ ဂုဏ်ထူးဆောင်နိုင်ခဲ့သေးတာလေ။
ဒါပေမယ့်.... Mrs.Dilmuartထင်ရင်လွဲတာမျိုးမရှိဘူး
မဟုတ်လား။

Like MagicWhere stories live. Discover now