Part-1

25.3K 1.3K 30
                                    

ဂျိုဆွန်းတိုင်းပြည်.....

ဂျိုဆွန်းပြည်ရဲ့ ညဈေးကြီးဟာ မီးအလင်းရောင်တွေအောက်မှာ အသက်ဝင်လှုပ်ရှားနေခဲ့သည်... မင်းမှုထမ်းတွေ..နန်းတွင်းအရာရှိအမတ်တွေရဲ့ သားသမီးတွေ..ကုန်သည်တွေ နဲ့အတူ သာမာန်ပြည်သူပြည်သားတွေဟာ ဂျိုဆွန်းညဈေးရဲ့လမ်းမထက်မှာပျားပန်းခတ်မျှ သွားလာလှုပ်ရှားနေကြသည်.....

မီးပုံးလွှတ်ပွဲတော်ရက်ဖြစ်သောကြောင့် ပို၍စည်ကားလှသည်...ဂျိုဆွန်းပြည်ဟာ အနီးအနားရှိပြည်နယ်အသီးသီးတို့ကိုသိမ်းယူပြီး နယ်ချဲ့ခဲ့သည်...ဂျိုဆွန်းပြည်မသိမ်းပိုက်နိုင်တဲ့တစ်ခုတည်းသောပြည်ထောင်မှာ ဂိုဂူလျော...

အရင်ဘုရင်တွေလက်ထက်ကတည်းက ဂျိုဆွန်းနဲ့ ဂိုဂူလျောဟာ ချစ်ကြည်ရေးမရခဲ့...အင်အားကြီးပြည်ထောင်တွေဖြစ်သည့်အလျောက် အနီးအနားက ပြည်ထောင်စုလေးတွေကိုသာ သူ့ထက်ငါသိမ်းရင်း အာဏာစက်ပျံ့နှံ့စေခဲ့သည်...

ဘယ်ဘုရင်ဘက်ကမှလည်း အလျော့မပေးခဲ့...ပြည်ထောင်စုအသေးလေးတွေကို ဦးတဲ့သူတက်သိမ်းသည်...သိမ်းပိုက်ပြီးတာနဲ့ နယ်နိမိတ်သတ်မှတ်ပြီး ဆက်လက်အုပ်ချုပ်သည်..အခုအထိတော့ ဂျိုဆွန်းနဲ့ ဂိုဂူလျောဟာ ထိပ်တိုက်မတွေ့အောင်ရှောင်နေခဲ့ကြသည်...ဘယ်ပြည်နယ်ဘက်ကမှ သူ့နယ်ကိုယ့်နယ်ကျော်ပြီး မသိမ်းပိုက်ခဲ့ကြပေ...

ဂျိုဆွန်းနဲ့ဂိုဂူလျောဟာ စည်းတစ်ခုထားပြီး မပတ်သတ်ပဲနေကြသည်..ရန်သူလည်းမဟုတ် မိတ်ဆွေလည်းမဟုတ်ပဲ စောင့်ကြည့်နေကြရုံသာ...တစ်ဖက်ကထကြွတာနဲ့ စစ်ပွဲကအချိန်မရွေးဖြစ်နိုင်သည်...

ဂျိုဆွန်းနဲ့ဂိုဂူလျော အင်အားကြီးပြည်ထောင်နှစ်ခုစစ်ပွဲဖြစ်မည်ဆိုပါက လက်အောက်ခံပြည်နယ်တွေပုန်ကန်ထကြွကြမည်...နှစ်ပြည်ထောင်သိမ်းထားတဲ့ ပြည်ထောင်အသေးလေးတွေက ကျေနပ်တာမဟုတ်ကြပေ...မတော်လှန်နိုင်လို့သာငြိမ်ကုပ်နေကြခြင်းပင်ဖြစ်သည်....

အကယ်၍ စစ်ပွဲဖြစ်ခဲ့လျှင် ပြည်သူအများအပြားသေကျေပျက်စီးကြမည်ဖြစ်သည်...စစ်ပွဲကိုဂျိုဆွန်းရော ဂိုဂူလျောရော မလိုလားကြပေ..မလိုလားလို့ ချစ်ကြည်ရေးယူမလားဆိုတော့ ချစ်ကြည်ရေးလည်းမယူကြ...

💜 Prince Kim 💜 (Completed)Where stories live. Discover now