Part-20

7.7K 791 26
                                    

"အရှင်....."

ထယ်ယောင်းစာကြည့်‌ဆောင်မှာ စာဖတ်နေတဲ့ အရှင့်ဆီလိုက်လာခဲ့သည်...အရှင်က ဂျိုဆွန်းကိုပြန်ရောက်ကတည်းက ထယ်ယောင်းကို စကားလည်းမ‌ပြောသလို လာလည်းမတွေ့တာ‌ကြောင့် ခုလိုအရှင့်ဆီလိုက်လာရခြင်းဖြစ်သည်...

အစ်ကိုတော်ဟိုဆော့နဲ့သူစကား‌ပြောတာကို သဝန်တိုနေတဲ့အရှင့်ကိုလည်း သူအံ့ဩရပါသည်...ထယ်ယောင်းကအရှင့်ကိုပဲချစ်တာကို အရှင်မသိလေရော့သလား...

"အရှင်...ယောင်းကို ဘာလို့မခေါ်တာလဲ"

ဂျောင်ကု တမင်ဆန္ဒပြနေခြင်းဖြစ်သည်...ယောင်းကို သူသေလောက်အောင်လွမ်းပေမယ့် သူစိတ်ဆိုးနေတာကို မသိတဲ့ယောင်းကို နည်းနည်းတော့အပြစ်ပေးချင်ပါသည်...အခုလည်းယောင်းဒီလိုလေးလိုက်လာတာကိုတွေ့တာနဲ့ ယောင်းဆီကအရှင်လို့ခေါ်သံလေးကြားတာနဲ့ ရင်ထဲအလွမ်းတွေသည် တမဟုတ်ချင်း ပျောက်ကွယ်သွားရသည်...

"အရှင် ယောင်းကိုစိတ်ဆိုးနေတာလား...ယောင်းဘာလုပ်မိလို့လဲဟင်..."

ဂျောင်ကုပေါင်ပေါ်ဝင်ထိုင်ကာ ဂျောင်ကုမေးဖျားကိုပင့်ပြီး မျက်လုံးလေးပုတ်ခတ် ပုတ်ခတ်နဲ့မေးလာတဲ့ယောင်း‌ကြောင့် လက်ထဲကစာအုပ်ကို စိတ်မရောက်တော့...ဘာရုပ်လေးလာလုပ်နေတာလည်းမသိ.....

"မဆိုးပါဘူး..."

"ဒါဆို ယောင်းကို ဘာလို့ လာမတွေ့တာလဲဟင်...ယောင်းကိုပစ်ထားပြီး အရှင်ကနေနိုင်တယ်ပေါ့...အင်းပေါ့လေ မနေနိုင်တဲ့ယောင်းလေးကပဲ လာတွေ့ရတာပေါ့လေ.."

ဂျောင်ကုတကယ်သည်းမခံနိုင်တော့...ယောင်းကိုတင်းတင်းကျပ်ကျပ်ပွေ့ဖက်ပစ်ချင်စိတ်က ရင်ထဲပြည့်နှက်နေတာ‌ကြောင့် လက်သီးဆုပ်ထားမိသည်...

မဖြစ်ဘူး...အခုစိတ်‌ပြေသွား‌ကြောင်းပြလို့မဖြစ်ဘူး...

ထယ်ယောင်းကိုခုထိစကားမ‌ပြောပဲ ရုပ်တည်ကြီးနဲ့ကောက်နေတဲ့အရှင့်‌ကြောင့် ထယ်ယောင်းရယ်ချင်လာသည်..တစ်ဆက်တည်းကျေနပ်တဲ့စိတ်လေးလည်းဝင်လာသည်.....တည်ကြည်ခန့်ညားတဲ့ဂျိုဆွန်းအရှင်ဟာ ထယ်ယောင်းဆိုတဲ့သူ့အပေါ်မှာပဲ ဒီလိုအပြုအမူလေးတွေလုပ်တာမလို့ အရှင့်ရဲ့ကလေးဆန်တဲ့အမူအရာလေးတွေအကုန် ထယ်ယောင်းသာမြင်နိုင်တာမို့လို့ သိပ်ကိုကျေနပ်ရပါသည်...

💜 Prince Kim 💜 (Completed)Donde viven las historias. Descúbrelo ahora