ထယ်ယောင်းဂျိုဆွန်းကနေထွက်လာခဲ့သည်...သူ့ရည်ရွယ်ချက်က အစ်ကိုတော့်ကိုတားဖို့အတွက်ပင်ဖြစ်သည်....အရှင်ရော အစ်ကိုတော်ရော မထိခိုက်စေချင်ပါ...သူတန်ဖိုးထားရတဲ့လူတွေဖြစ်လို့ ထိုလူနှစ်ယောက်ကို သင့်မြတ်စေချင်သည်....
နှစ်ယောက်လုံးကို ထယ်ယောင်းသိပ်ချစ်သလို သူ့ကိုလည်းနှစ်ယောက်လုံးကသိပ်ချစ်တယ်ဆိုတာကို ယုံကြည်တာမလို့ တားနိုင်မယ်လို့ထင်နေမိသည်... မြင်းစီးနေရင်း ဗိုက်ထဲက တစ်ချက်တစ်ချက်အောင့်လာသည်...သို့သော်လည်း ဝေဒနာကိုဂရုမစိုက်နိုင်...အစ်ကိုတော်တို့စစ်ကြောင်းဆီမြန်မြန်ရောက်ဖို့သာ စိတ်လောနေမိသည်....လမ်းမှာတစ်ချက်မှမနားပဲ မြင်းကိုအပြင်းနှင်ခဲ့တာကြောင့် နေဝင်ခါနီးလောက်မှ အစ်ကိုတော်တို့စစ်ကြောင်းနားရာနေရာသို့ရောက်လာခဲ့သည်...
"အစ်ကိုတော်....အစ်ကိုတော်..."
ယာယီတဲစခန်းထဲမြင်းကိုဒုန်းစိုင်းစီးပြီးဝင်လာတဲ့ ထယ်ယောင်းကိုဂိုဂူလျောရဲမက်တွေက သူတို့ရဲ့မင်းသားငယ်လေးမလို့ မတားဆီးကြပေ...
"ယောင်းငယ်..."
"အစ်ကိုတော်စစ်မတိုက်ပါနဲ့...ယောင်း အစ်ကိုတော်နဲ့အရှင်တိုက်ခိုက်နေတာကို မမြင်ချင်ဘူး..."
"နောက်ကျသွားပြီယောင်းငယ်...အစ်ကိုတော် တစ်လမ်းလုံးတိုက်ခဲ့ပြီးပြီ...အခုမှရပ်တန့်ဖို့မဖြစ်နိုင်တော့ဘူး..."
"ယောင်းတောင်းပန်ပါတယ် အစ်ကိုတော်..."
"ယောင်းငယ်လည်း ဂျိုဆွန်းမှာမနေနဲ့ အစ်ကိုတော်နဲ့ပြန်လိုက်ခဲ့ပါ..."
"ဟင့်အင်း...ယောင်းမလိုက်ဘူး...အစ်ကိုတော် ယောင်းကိုချစ်တယ်ဆိုရင် ဒီစစ်ပွဲကိုရပ်လိုက်ပါ..."
နမ်ဂျွန်းကိုအကျပ်ကိုင်လာတဲ့ညီတော်ငယ်လေး....သူညီတော်ငယ်လေးကိုမချစ်လို့မဟုတ်...သူ့ဘက်ကစတင်ခဲ့တဲ့စစ်ပွဲကို ဂျိုဆွန်းအရှင်သေချာပေါက်ပြန်တိုက်ပေလိမ့်မည်....အခုမှရပ်တန့်လို့လည်းမရတော့ သူ့စစ်တပ်က ဂျိုဆွန်းနယ်လေးတွေကိုဖျက်ဆီးခဲ့ပြီးပြီ...
ပြီးတော့ အကျဉ်းထောင်ထဲမှာ သူ့ညာလက်ရုံးကိုဖြတ်ခိုင်းခဲ့တာကို သူသေတောင်မမေ့ပေ...သူထွက်ပြေးလွတ်မြောက်လာရင် သေချာပေါက် ဂျိုဆွန်းအရှင်ကိုလက်စားချေဖို့ ဆုံးဖြတ်ခဲ့ပြီးသား...ဂျင့်ဘဝနဲ့ရင်းပြီးကယ်တင်ပေးလိုက်တဲ့သူ့ဘဝကို အလကားတော့အဖြစ်မခံနိုင်ပါ...
VOCÊ ESTÁ LENDO
💜 Prince Kim 💜 (Completed)
Fanficယောင်းက အရှင့်ရဲ့ကြီးမြတ်တဲ့ချစ်ခြင်းတွေကို မလွန်ဆန်နိုင်ခဲ့သူပါ.... ပထမဦးဆုံးရေးတဲ့နန်းတွင်း Fic ...လက်ကမြင်းပြန်ပြီဟေ့ အခုတလော နန်းတွင်းဇာတ်လမ်းမဟားတရားရေးချင်နေတာ 🙄 ယောင်းက အရှင့်ရဲ့ကြီးမြတ်တဲ့ချစ်ခြင်းတွေကို မလွန်ဆန်နိုင်ခဲ့သူပါ.... ပထမဦးဆုံးရေ...