"မယ်မယ်"
မြင်းလှည်းပေါ်ကနေဆင်းဆင်းခြင်း မယ်တော့်ရင်ခွင်ထဲပြေးဝင်ကာ ချွဲတဲ့ ညီတော်ငယ်လေးကိုနမ်ဂျွန်းပြုံးကြည့်မိသည်...
"ယောင်းငယ်လေး ဘယ်တွေလျှောက်သွားရတာလဲကွယ် မယ်မယ်ဘယ်လောက်တောင်စိတ်ပူရတယ်မှတ်လဲ"
"မယ်မယ်စိတ်ပူအောင်လုပ်ဖို့မရည်ရွယ်ပါဘူး ယောင်းတောင်းပန်ပါတယ်"
"မယ်မယ့်ကိုတောင်းပန်စရာမလိုပါဘူးကွယ် ယောင်းငယ်လေးဘေးမသီရန်မခပဲ ပြန်လာတာမယ်မယ်အရမ်းဝမ်းသာတယ် နားလိုက်ဦးနော် ခနနေခမည်းတော်ကြွလာရင် ယောင်းငယ်လေးက ဖျားနေတယ်လို့ပြောလိုက်မယ် အဲ့တာမှအဆူမခံရမှာ"
"အဟီး အာ့ကြောင့် မယ်မယ့်ကိုချစ်တာ"
မယ်မယ့်ကိုချွဲပြီးတာနဲ့ ကိုယ်ပိုင်နန်းဆောင်သို့ပြန်သွားသော ညီတော်ငယ်ကို အိမ်ရှေ့စံနမ်ဂျွန်းမှာ ပြုံး၍သာလိုက်ကြည့်နေလေသည်...
"သားတော်"
"ဟုတ်ကဲ့မယ်မယ်"
"သားတော်ရဲ့ ညီတော်လေးကြောင့် ပင်ပန်းသွားရပြီ မယ်မယ့်သားတော်ကြီးက အလုပ်ထပ်ရှုတ်ရဦးမှာပဲ"
"ဘာလို့လဲ မယ်မယ်"
"ခမည်းတော်ကို သွားတွေ့လိုက်ပါဦးကွယ်"
နမ်ဂျွန်းလည်း မယ်တော်မျက်နှာမကောင်းတာကြောင့် အလိုက်တသိပင် မယ်တော့်ကိုဘာမှထပ်မမေးဘဲ ခမည်းတော်ဆီသာ ထွက်လာခဲ့သည်....
"ခမည်းတော်"
"အိမ်ရှေ့စံ"
"ခမည်းတော်အခေါ်တော်ရှိတယ်ဆိုလို့ သားတော်လာတွေ့တာပါ"
"အိမ်းးး ဂျိုဆွန်းက နမ်လျောင်ကိုသိမ်းဖို့ပြင်ဆင်နေတယ်တဲ့ "
"ဒါဆို ဂျိုဆွန်းက သားတော်တို့ကိုစစ်ကြေညာတဲ့သဘောပဲ"
"စစ်ပွဲကိုတော့ ခမည်းတော်တို့မလိုလားဘူး အဲ့တာကြောင့် ဂျိုဆွန်းအရှင်ကို စာပို့ထားတယ် ညှိနှိုင်းဖို့အတွက် စာလွှာနဲ့ညှိနှိုင်းလို့မရရင် သံတမန်လွှတ်ပြီး ညှိနှိုင်းရမှာပဲ"
"တကယ်လို့ ဘယ်လိုမှညှိနှိုင်းလို့မရရင်ရော ခမည်းတော် စစ်ပွဲဒဏ်ကို ပြည်သူတွေရှောင်လို့ရမယ်မထင်ဘူး"
YOU ARE READING
💜 Prince Kim 💜 (Completed)
Fanfictionယောင်းက အရှင့်ရဲ့ကြီးမြတ်တဲ့ချစ်ခြင်းတွေကို မလွန်ဆန်နိုင်ခဲ့သူပါ.... ပထမဦးဆုံးရေးတဲ့နန်းတွင်း Fic ...လက်ကမြင်းပြန်ပြီဟေ့ အခုတလော နန်းတွင်းဇာတ်လမ်းမဟားတရားရေးချင်နေတာ 🙄 ယောင်းက အရှင့်ရဲ့ကြီးမြတ်တဲ့ချစ်ခြင်းတွေကို မလွန်ဆန်နိုင်ခဲ့သူပါ.... ပထမဦးဆုံးရေ...