Part-18

7.4K 773 22
                                    

နမ်ဂျွန်း ညီတော်ငယ်လေးဆီကစာကြောင့် ဆော့ဂျင်ကိုစိတ်ပူမိသည်...သောကြာနေ့တိုင်း နမ်ဂျွန်းကိုစောင့်နေမယ့် ဆော့ဂျင်မျက်နှာလေးကို မြင်မိတော့ လွမ်းတဲ့စိတ်က ထိန်းမရပေ...ဒီတစ်ခေါက်သောကြာနေ့ကျ တစ်ခါလောက်သွားတွေ့ဖို့ ဆုံးဖြတ်ထားသည်..သူ့ကိုထပ်မစောင့်ဖို့ပြောရင်း လွမ်းနေရတဲ့မျက်နှာလေးကိုလည်းထပ်မြင်ချင်မိပါသေးသည်...

"အရှင်မင်းကြီး...စော်ဘွားတွေက ဂျိုဆွန်းက ရွှေဒင်္ဂါးတုတွေနဲ့လက်နက်ဝယ်တာကို မကျေနပ်လို့ စစ်ချီလာပြီတဲ့ဘုရား"

"ဘာရယ်..."

"မှန်ပါ့ ပြီးတော့ အရှင်မင်းကြီးဖမ်းထားတဲ့ စော်ဘွားနောက်လိုက်တွေကို ပြန်လွှတ်ပေးဖို့အတွက် အရှင်မင်းကြီးနဲ့ညှိနှိုင်းဖို့ တင်ပြခဲ့ပါတယ်..အရှင်မင်းကြီးဆီက ပြန်စာမရတာမလို့ အခုလို စစ်ပွဲကို စော်ဘွားတွေဘက်က စတင်ခဲ့ခြင်းဖြစ်ပါတယ်ဘုရား"

အမတ်ယွန်တို့မျက်နှာတွေပျက်နေကြလေသည်...သူတို့လုပ်တဲ့ကိစ္စကို စော်ဘွားတွေသိသွားပြီ...တကယ်တမ်း မှောင်ခိုဝယ်တဲ့လက်နက်ပေါင်းမြောက်မြားစွာက ဂျိုဆွန်းနန်းတော်ကိုမရောက်ဘဲ အမတ်ယွန်တို့အုပ်စုရဲ့လက်နက်စုဆောင်းတဲ့ဂိုဒေါင်ထဲသာရောက်လေသည်...အရှင်မင်းကြီးက စော်ဘွားနောက်လိုက်တွေကို ပြစ်ဒဏ်ခံယူပေးပြီးတာနဲ့ ပြန်လွှတ်ပေးမယ့်အကြောင်း အမိန့်ထုတ်ပြန်စာကို အမတ်ယွန်တို့က ဖြတ်ယူထားလိုက်ခြင်းဖြစ်သည်...

အရှင်မင်းကြီးကို သူတို့ပုန်ကန်ဖို့အခြေအနေအခွင့်မသာတဲ့အတွက်ကြောင့် စော်ဘွားတွေနဲ့ရန်တိုက်ပေးလိုက်ခြင်းပင်ဖြစ်သည်...

"အခု စစ်ကြောင်းက ဘယ်နားရောက်နေပြီလဲ စစ်သူကြီး.."

"မှန်ပါ့  နမ့်လျန်မြို့တော်ကနေထွက်ပြီး တောင်ကြားဒေသမှာပါဘုရား...ဂျိုဆွန်းပြည်ထိရောက်ဖို့ဆို  တစ်ပတ်လောက်ကြာဦးမှာပါဘုရား...အရှင်မင်းကြီးအမိန့်ပေးတာနဲ့ ကျွန်တော်မျိုးတို့ စစ်တပ်စတင်ထွက်ခွာပါ့မယ်ဘုရား.."

"နေဦး...ငါကိုယ်တော်က စော်ဘွားတွေနဲ့ဘာလို့စစ်တိုက်ရမှာလဲ...ဒီစစ်ပွဲကို လိုလားသူတစ်စုကို ဝမ်းသာစေရမှာတဲ့လား...အဟက် လွယ်လွန်းတယ်..."

💜 Prince Kim 💜 (Completed)Donde viven las historias. Descúbrelo ahora