ဆော့ဂျင် တည်းခိုဆောင်တစ်ခုနားမှာ ကုန်းကုန်းကွကွနဲ့ချောင်းနေလေသည်...ထူးခြားမှုလည်းမရှိဘူးဆိုတော့ ဒီတည်းခိုဆောင်မှာနေတာရောဟုတ်ရဲ့လား...ဒီကောင်တွေ သတင်းကမှားများနေတာလား...
အတည်ပြုပြီးတာနဲ့ အရှင်မင်းကြီးကို ဆော့ဂျင်အမြန်အကြောင်းကြားရမည်ဖြစ်သည်...ဂျိုဆွန်းရဲ့သတင်းထူးမှန်သမျှ ဆော့ဂျင်မသိတာမရှိပေ...သူ့လူတွေအများကြီး မြို့တော်ထဲကိုလွှတ်ထားတာဖြစ်သည်...ဘုရင့်အကြံပေးဆိုတဲ့အတိုင်း တိုင်းပြည်နေရာအနှံ့အပြားက ကိစ္စမှန်သမျှ ဆော့ဂျင်မသိတာမရှိရအောင် စုံစမ်းရသည်...
အရှင်မင်းကြီးက မနေ့ညကမီးပုံးပွဲတော်မှာတွေ့ခဲ့တဲ့ နတ်ဘုရားလေးကို ဘယ်မှာနေလည်းဆိုတာ စုံစမ်းခိုင်းသည်.. ညတွင်းချင်းပင် သူ့လူတွေက ဒီတည်းခိုဆောင်မှာ ကြာပန်းလေးလိုတင့်တယ်လှပတဲ့ ကောင်လေးတစ်ယောက်တည်းခိုတယ်လို့သတင်းပေးပို့လာတာကြောင့် ဆော့ဂျင်က နတ်ဘုရားလေးဟုတ်မဟုတ် အတည်ပြုရန်လာခြင်းပင်..တကယ်ပဲ နတ်ဘုရားလေးဆိုပါက အရှင်မင်းကြီးကိုလျှောက်တင်ရမှာကသူ့အလုပ်ပင်ဖြစ်သည်...
"ဒီမှာ..."
ဆော့ဂျင်ပုခုံးပေါ်လာတင်တဲ့လက်တစ်ဖက်...ဆော့ဂျင်ဂရုမစိုက်ပဲ အရှေ့သာမဲကြည့်နေလေသည်...
"ဟေးး ဒီမှာ အသင့်ကိုခေါ်နေတာ"
အသံကြားမှ ဆော့ဂျင်အထိတ်တလန့်နဲ့လှည့်ကြည့်မိတော့ သူနဲ့ရွယ်တူဖြစ်ဟန်တူတဲ့ယောကျာ်းတစ်ယောက်
"ကျွန်တော့်ကိုလား"
"ဟုတ်တယ် အသင့်ကို အသင်ဘာတွေချောင်းနေတာလည်း "
ဆော့ဂျင်ကို မယုံသကာင်္တဲ့မျက်လုံးတွေနဲ့မေးလာတဲ့ထိုလူ့ကို သွားဖြီးပြလိုက်ရင်း
"ဟို အသင်က ဒီအဆောင်ကလားဟင်...ဒါဆို ကျွန်တော်တစ်ခုလောက်မေးလို့ရမလား"
"....."
"ဒီအဆောင်မှာ ကြာပန်းလေးလိုအရမ်းကို တင့်တယ်လှပတဲ့ ကောင်လေးတစ်ယောက်တည်းတယ်ဆို"
အရှေ့ကလူသားလေးစကားကြောင့် နမ်ဂျွန်းမျက်မှောင်တို့ကို အလိုမကျစွာကုတ်ပစ်သည်...သူမေးတာ ယောင်းငယ်ပဲဖြစ်လိမ့်မည်...
ESTÁS LEYENDO
💜 Prince Kim 💜 (Completed)
Fanficယောင်းက အရှင့်ရဲ့ကြီးမြတ်တဲ့ချစ်ခြင်းတွေကို မလွန်ဆန်နိုင်ခဲ့သူပါ.... ပထမဦးဆုံးရေးတဲ့နန်းတွင်း Fic ...လက်ကမြင်းပြန်ပြီဟေ့ အခုတလော နန်းတွင်းဇာတ်လမ်းမဟားတရားရေးချင်နေတာ 🙄 ယောင်းက အရှင့်ရဲ့ကြီးမြတ်တဲ့ချစ်ခြင်းတွေကို မလွန်ဆန်နိုင်ခဲ့သူပါ.... ပထမဦးဆုံးရေ...