Part-6

8.2K 1K 59
                                    

ထယ်ယောင်းဆံထိုးလေးကိုကိုင်ကြည့်ရင်း ဂျောင်ကုနဲ့ဆုံခဲ့တာကိုတွေးနေမိသည်....ဂျိုဆွန်းကို ဘယ်အချိန်ထပ်သွားရမလဲ မသိတာကြောင့် နောက်နှစ်အဲ့ဒီအချိန် အဲ့ဒီနေရာမှာပဲ ဆုံဖို့ပြောခဲ့မိသည်...မိတ်ဆွေသူငယ်ချင်းမရှိပဲ ကြီးပြင်းလာရတဲ့ ထယ်ယောင်းအတွက် ဂျောင်ကုက ပထမဆုံးသောသူငယ်ချင်း....

"ယောင်းငယ်"

"မယ်မယ်"

ထယ်ယောင်းအနားကို နူးညံ့သိမ်မွေ့စွာလျှောက်လှမ်းလာတဲ့ မယ်တော်...မျက်ဝန်းတွေက အနည်းငယ်မှိုင်းညို့နေလေသည်...မယ်တော်က နန်းတွင်းသူတွေကိုလက်ကာပြရင်း ထွက်သွားခိုင်းလိုက်သည်....

"မယ်မယ် ဘာလို့မျက်နှာတော်မရွှင်မပြဖြစ်နေရပါသလဲ"

"ယောင်းငယ်လေးကို ဂျိုဆွန်းဘုရင်က သံတမန်အဖြစ်အခေါ်တော်လွှတ်တယ်"

"ဟင်....ယောင်းကိုလား မယ်မယ် ဘာလို့လဲ"

မယ်တော်က သက်ပြင်းချရင်း ထယ်ယောင်းလက်လေးကို လက်နှစ်ဖက်နဲ့ဆုပ်ကိုင်လာသည်...

"နှစ်ပြည်ထောင်စစ်မဖြစ်ဖို့ ယောင်းငယ်လေးကို သံတမန်အဖြစ်လွှတ်ပေးပါတဲ့...ဂျိုဆွန်းဘုရင်ဘာတွေစဉ်းစားနေမှန်းတော့ မယ်မယ်လည်းမသိဘူးကွယ်"

ထယ်ယောင်းစိတ်မကောင်းဖြစ်နေတဲ့မယ်တော့်ပုခုံးလေးကို နှစ်သိမ့်သလိုဖွဖွလေးဖက်ကာ လသာဆောင်ဘက်တွဲခေါ်လာခဲ့သည်....

"သွားရမှာပေါ့ မယ်မယ်ရဲ့ ဒါ ယောင်းက အစ်ကိုတော့်လို တိုင်းပြည်အတွက်အသုံးဝင်လာတယ်ဆိုတဲ့သဘောပဲမလား"

"အို သားတော်လေးက အစကတည်းက တိုင်းပြည်ရဲ့အဖိုးတန်လေးပါကွယ်...ဘယ်လိုများပြောလိုက်ပါလိမ့်ကွယ်"

"ယောင်းကိုသွားခွင့်ပြုမယ်မလား.."

"ခွင့်မပြုလို့လည်း ရတာမှမဟုတ်ပဲ ယောင်းငယ်လေးရယ်...ဒါနဲ့ ယောင်းလက်စွပ်ရော..."

သွားပြီ မယ်မယ်သတိထားမိသွားပြီ ယောင်းလက်မှာလက်စွပ်မရှိတော့တာကို ....

"ဟို အဲ့တာကလေ မယ်မယ်..."

"ပျောက်သွားပြီလို့ မယ်မယ့်ကိုမပြောနဲ့ ယောင်းငယ်"

💜 Prince Kim 💜 (Completed)Where stories live. Discover now