Part-14

8.1K 855 50
                                    

ဂျောင်ကု ယောင်းအိပ်စက်နေတဲ့သလွန်ဘေးမှာ ထိုင်ပြီး ယောင်းကိုယ်လေးကို ကိုယ်တိုင်ရေပတ်တိုက်ပေးနေမိသည်...အပျိုတော်တွေကို ယောင်းခန္ဓာကိုယ်လေးကို ပေးမထိချင်တာကြောင့် အကျီလဲတာရောဘာရောအကုန်သူပဲလုပ်ပေးမိသည်...

သုံးရက်တောင်ရှိပြီ...ချစ်ရတဲ့ယောင်းရဲ့အသံချိုချိုသြရှရှလေးကို မကြားရတာ...မေ့မျောနေတဲ့ယောင်းက အဆိပ်တွေပြယ်သွားတာကြောင့်မျက်နှာလေးမှာ သွေးရောင်ပြန်လွှမ်းလာလေသည်...နီရဲရဲနှုတ်ခမ်းဖူးလေးကြောင့် နှစ်ခါသာခြွေခဲ့ဖူးတဲ့ အနမ်းလေးတွေကို ပြန်သတိရမိသည်...

စကားဝါပန်းနံ့သင်းတဲ့ ယောင်းကိုယ်သင်းနံ့လေးကို အလွန်မြတ်နိုးရသည်...သွေးကြောမျှင်လေးတွေပါမြင်ရတဲ့အထိ ဖြူနုဝင်းမွတ်နေတဲ့ပါးပြင်လေးတွေမှာ မထိရက်မတို့ရက်စွာ...သူ့ရဲ့ယောင်းဟာ သိပ်ကိုလှပသည်...မြင်သူတကာငေးရလောက်အောင် လှပတာကြောင့်ယောင်းကို ဂျောင်ကု လနတ်ဘုရားနဲ့လည်းတင်စားသည်...

စကားဝါပန်းရနံ့ကိုယ်သင်းနံ့လေးကြောင့် စကားဝါငယ်လေးလို့လည်းတင်စားသည်...အခုတော့ ယောင်းကို လိပ်ပြာငယ်လေးလို့တင်စားမိပြန်ပါသည်...လိပ်ပြာလေးကိုထိလိုက်ရင်ပျံသန်းသွားမလားစိုးရိမ်ရသလိုပဲ ယောင်းကို စိတ်ရှိတိုင်းသာထိတွေ့ကြင်နာမိရင် အနားကနေထွက်ပြေးသွားမှာ ကြောက်မိသည်...

အရမ်းကိုချစ်ရပါတယ် ကိုယ်တော့်စကားဝါငယ်လေးရယ်...အသံလေးတွေကိုလည်းလွမ်းလှပါပြီ...ဝိုင်းစက်စက်မျက်နက်ဝန်းလေးတွေကိုလည်း မြင်ချင်လှပါပြီ..သတိရလာပါတော့ကွယ်....

ပတ်ဝန်းကျင်တစ်ခွင်ကနေ ကြားနေရတဲ့ ကျေးငှက်လေးတွေရဲ့တေးဆိုသံလေးတွေလည်း ယောင်းရဲ့အရှင်လို့ခေါ်တဲ့ အသံသြရှရှလေးကိုမှီမယ်မထင်ဘူး...

ညကောင်းကင်ယံမှာ တလက်လက်တောက်ပနေတဲ့ကြယ်လေးတွေလည်း ယောင်းမျက်နက်ဝန်းလေးတွေရဲ့တောက်ပမှုကိုမှီမယ်မထင်ဘူး...

အစွမ်းကုန်ထွန်းလင်းတောက်ပနေတဲ့ ငွေစန္ဒာလမင်းရဲ့ရောင်ခြည်တွေလည်း ယောင်းလောက်အေးချမ်းလှပမယ်မထင်မိဘူး...

💜 Prince Kim 💜 (Completed)Donde viven las historias. Descúbrelo ahora