ဆော့ဂျင်ခြေထောက်တွေအတော်ပင်ညောင်းလှနေပြီဖြစ်သည်...ညအချိန်မတော် ဥယျာဉ်ထဲလမ်းလျှောက်ထွက်ချင်တဲ့အရှင်မင်းကြီးကြောင့်ပင်..ဆော့ဂျင်နောက်ကတစ်ကောက်ကောက်လိုက်နေရသည်...
ဂျောင်ကုမှာတော့ ဟိုနတ်ဘုရားလေးကျခဲ့သည့် ပုဝါလေးအားကိုင်ကာ တစ်ကိုယ်တည်းပြုံးတော်မူရင်းဥယျာဉ်ထဲပတ်ကာလမ်းလျှောက်နေသည်မှာ ဒါနဲ့ဆို ခြောက်ခေါက်ရှိပြီဖြစ်သည်...
ရှေ့ကလျှောက်နေတဲ့အရှင်မင်းကြီးတော့ ညောင်းမညောင်းမသိ...ဆော့ဂျင်တစ်ယောက်တော့ဖြင့် မီးပုံးလွှတ်ပွဲမှာ နတ်ဘုရားလေးကိုလိုက်ရှာရသေးတာကြောင့် အင်မတန်ညောင်းကိုက်နေတော့သည်...
ဂျောင်ကုအတွေးတွေထဲ အပြာရောင်ဝတ်ရုံနဲ့ နတ်ဘုရားလေးသာစိုးမိုးထားသည်...မီးပုံးလွှတ်ပွဲကိုသွားမိတာ အကြီးမားအမှန်ကန်ဆုံးလုပ်ရပ်ပင်ဖြစ်သည်...ယောင်းဆိုတဲ့ နတ်ဘုရားလေးကို သူ့ဆီသို့ကောင်းကင်အလိုတော်အရ ပို့ဆောင်ခဲ့သည်ဟုထင်သည်...
ဂျိုဆွန်းရဲ့မိန်းမလှတွေသာမက အခြားတိုင်းပြည်က ဘုရင့်သမီးတော်တွေလာဆက်သစဉ်က ချောမောလှပတဲ့ မင်းသမီးတွေနဲ့တွေ့တာတောင် မတုန်လှုပ်ခဲ့တဲ့ နှလုံးသားသည် အပြာရောင်ဝတ်စုံလေးနဲ့ ချစ်စဖွယ်ကောင်လေးလေးနဲ့မှ စတင်လှုပ်ခတ်ခဲ့သည်....
စာပေတွေဖတ်ရှုစဉ်က ပညာရှိတွေရေးသားခဲ့တဲ့အချစ်ဆိုတဲ့အကြောင်းအရာမှာ မြင်မြင်ချင်းချစ်နိုင်သည်ဟုဖတ်ရှုရစဉ်က ဂျောင်ကုမှာ ခပ်ဟဟလှောင်ပြောင်ခဲ့ဖူးသည်...အခုတော့ သူကိုယ်တိုင်ကြုံတွေ့နေရပြီ...
ထပ်မြင်ချင်သည်...အနားမှာထားထားချင်သည်...ယောင်းဆိုတဲ့နတ်ဘုရားလေးကို ဘုရင့်အပိုင်အဖြစ် မည်သူမှ မတွေ့အောင်သိမ်းဆည်းထားချင်မိသည်..
အမြဲအပြုံးအရယ်မရှိတည်တံ့နေသော ဂျိုဆွန်းရဲ့ကြီးမြတ်တဲ့ဘုရင်မင်းမြတ်ဂျွန်၏ ယခုပုံစံကိုမြင်လျှင် အရူးလို့ထင်သွားနိုင်ပေလိမ့်မည်..ထင်ရင်လည်းထင်ချင်စရာမဟုတ်ပါလား...လက်ကိုင်ပုဝါအဖြူလေးကို နှာခေါင်းနဲ့တိုးတိုက်နမ်းလိုက် ပြုံးလိုက်လုပ်နေတဲ့အရှင်မင်းမြတ်...
ESTÁS LEYENDO
💜 Prince Kim 💜 (Completed)
Fanficယောင်းက အရှင့်ရဲ့ကြီးမြတ်တဲ့ချစ်ခြင်းတွေကို မလွန်ဆန်နိုင်ခဲ့သူပါ.... ပထမဦးဆုံးရေးတဲ့နန်းတွင်း Fic ...လက်ကမြင်းပြန်ပြီဟေ့ အခုတလော နန်းတွင်းဇာတ်လမ်းမဟားတရားရေးချင်နေတာ 🙄 ယောင်းက အရှင့်ရဲ့ကြီးမြတ်တဲ့ချစ်ခြင်းတွေကို မလွန်ဆန်နိုင်ခဲ့သူပါ.... ပထမဦးဆုံးရေ...