Part-13

7.8K 870 27
                                    

ဂျောင်ကု မေ့မျောနေတဲ့ ယောင်းကိုယ်လေးကိုပွေ့ကာ အဆောင်တော်ရောက်တဲ့ထိ ပြေးနေမိသည်...

"ယောင်း...ယောင်းဘာမှမဖြစ်ရဘူးနော်...ကိုယ်တော် ဘာမှဖြစ်ခွင့်မပေးနိုင်ဘူး..."

အရှင်မင်းကြီးရဲ့ဆောက်တည်ရာမရတဲ့ပုံစံကြောင့် အရှင့်နောက်လိုက်အပေါင်းတို့မှာလည်း ခြေမကိုင်မိလက်မကိုင်မိတွေဖြစ်နေကြလေသည်...

ဂျောင်ကု သလွန်တော်ပေါ်ယောင်းကိုတင်ပြီး ...

"နန်းတွင်း သမားတော် ဘယ်မှာလဲ...အခုထိမရောက်သေးဘူးလား...ယောင်းတစ်ခုခုဖြစ်ကြည့် သမားတော်တွေပါသေမယ်"

"အရှင်မင်းကြီး သမားတော်ကြီး ရောက်လာပါပြီ"

"ယောင်းကို မနာကျင်ရအောင်ကုပေး...အမြန်"

"အရှင်မင်းကြီး အပြင်ထွက်ပေးပါဘုရား"

"ရူးနေလား ယောင်းကိုထားပြီး ငါကိုယ်တော်ဘယ်မှမသွားဘူး"

သမားတော်ကြီးလည်းအရှင်မင်းကြီး ခေါင်းမာတာကိုသိသူမို့ ထပ်မပြောတော့ချေ...ယောင်းရင်ဘက်ထဲစိုက်ဝင်နေတဲ့မြှားကိုနှုတ်တော့ နဖူးစပ်မှာချွေးလေးတွေစို့လာတဲ့အထိ ယောင်းနာကျင်နေလေသည်...ဂျောင်ကု မကြည့်ရက်စွာ ယောင်းလက်သွယ်သွယ်လေးကိုဆုပ်ကိုင်ပြီး အကြည့်လွှဲမိသည်....

ကိုယ်တော့်အစားဘာလို့ဝင်ခံလိုက်ရတာလဲ ယောင်းရယ်....ယောင်းပဲမချစ်ဘူးဆို...ကိုယ်တော်သေမှာကိုခွင့်ပြုလိုက်ပါတော့လား...ဘာလို့လဲ....

"အရှင်မင်းကြီး မြှားမှာအဆိပ်ပါတဲ့အတွက် ကြင်ယာတော် အသက်ရှင်ဖို့ရာနှုန်းနည်းပါတယ် ဘုရား"

ဂျောင်ကု နန်းတွင်းသမားတော်ကြီးစကားကြောင့် တုန်လှုပ်သွားမိသည်...လောကမှာ ဘယ်အရာကိုမှမကြောက်ပေမယ့် ယောင်းမရှိမှာတော့ ကြောက်ပါသည်...တစ်သက်လုံးအနားမှာထားပြီး ထိုင်ကြည့်ဆိုလည်းကြည့်နေနိုင်ပါသည်...သို့ပေမယ့် အကြည့်ခံရမယ့် စကားဝါငယ်လေးမရှိတော့မှာကြောက်သည်....သူဘာလုပ်ရမည်နည်း....

"ယောင်း အသက်ရှင်ရမယ်...ယောင်းကိုရအောင်ကုပေး မဟုတ်ရင် မောင်မင်းအသက်ကိုစွန့်လွှတ်ဖို့တွေးထား"

💜 Prince Kim 💜 (Completed)Tempat cerita menjadi hidup. Temukan sekarang