စခန်းချထားတဲ့အထဲသို့ ညနေအချိန်မှာ တစ်ကိုယ်တည်းဝင်ရောက်လာတဲ့ သူတစ်ယောက်....ထိုသူက မိုးပြာရောင်ကို အနားသတ်မှာ အဝါရောင်ရွှေချည်ထိုးထားတဲ့ဝတ်ရုံကိုဝတ်ဆင်ထားလေသည်....
အနီးရောက်လာလေ အင်မတန်လှပချောမောတဲ့မျက်နှာလေးကြောင့် စောင့်ကြပ်နေတဲ့ရဲမက်တို့မှာ ငေးခနဲ...လောကမှ ဒီလောက်ကျက်သရေရှိစွာ လှပတဲ့ယောကျာ်းလေးမျိုးရှိသေးတယ်တဲ့လား...
အနားရောက်လာတော့မှ အလှနတ်ဘုရားလေးအား စိတ်ထဲကအားနာစွာ ဓားကိုလည်တိုင်ကျော့ကျော့လေးပေါ်တင်လိုက်ရင်း...
"ဘယ်သူလဲ...ဘာကိစ္စနဲ့ စော်ဘွားတွေရဲ့စခန်းအထိလာခဲ့တာလဲ"
"ဂျိုဆွန်းဘုရင်မင်းမြတ်ရဲ့ကိုယ်စားလာတဲ့...ဂျိုဆွန်းပြည်ရဲ့ကြင်ယာတော်ပါ...."
ရဲမက်တို့မှာ အခုမှအလန့်တကြားဖြစ်သွားလေသည်..သူတို့ငေးနေမိတာ ဂျိုဆွန်းရဲ့တစ်ဦးတည်းသောမိခင်ဖြစ်ပေသည်...
"စော်ဘွားအကြီးအကဲကို လျှောက်တင်ပေးပါ ရန်ပြုဖို့လာတာမဟုတ်ဘဲ ညှိနှိုင်းစရာရှိလို့လာရခြင်းဖြစ်ပါတယ်လို့"
"ခနစောင့်ပါ...."
ထယ်ယောင်း အချိန်အတော်ကြာတဲ့အထိရပ်စောင့်နေမိသည်...ခနအကြာ အကြောင်းကြားတဲ့ရဲမက်က အနားပြန်ရောက်လာကာ...
"လိုက်ခဲ့ပါ...."
ထယ်ယောင်း တစ်ယောက်တည်း ခမ်းနားတဲ့ယာယီတဲထဲဝင်လာခဲ့သည်...ရဲမက်တွေက အပေါက်နားတင်စောင့်ကြပ်နေခဲ့သည်...မီးခွက်ကြီးတွေထွန်းထားတဲ့ ယာယီတဲက လင်းထိန်နေကာ စားပွဲပေါ်မှာလည်း စားသောက်ဖွယ်ရာတွေအပြည့်ပင်...စားပွဲရဲ့ဘေးမှာ အပေါက်ဘက်ကို ကျောပေးကာ မီးရောင်ကြောင့် တလက်လက်တောက်ပနေတဲ့ဓားတစ်ချောင်းကို အဝတ်နဲ့ပွတ်သပ်ကာ သုတ်နေတဲ့သူတစ်ယောက်...
ထိုသူကစော်ဘွားတွေရဲ့အကြီးအကဲဖြစ်ဟန်တူသည်....မြင့်မားတဲ့အရပ်နဲ့ ပုခုံးကျယ်ကျယ်က ချပ်ဝတ်တန်ဆာကြောင့် ပိုမိုဝင့်ထည်နေဟန်...အသက်ငယ်ရွယ်တဲ့ပုံပေါ်လေသည်....
"အဟမ်း.....ဟို စော်ဘွားတွေရဲ့အကြီးအကဲလားမသိဘူး..."
ထယ်ယောင်းအသံကြားမှ လှည့်ကြည့်လာတဲ့သူကိုမြင်တော့ ထယ်ယောင်းရော ထိုသူပါ တအံ့တသြဖြစ်သွားကာ မျက်နှာတို့ထက် အပြုံးတွေဖြစ်ပေါ်သွားကြသည်....
ESTÁS LEYENDO
💜 Prince Kim 💜 (Completed)
Fanficယောင်းက အရှင့်ရဲ့ကြီးမြတ်တဲ့ချစ်ခြင်းတွေကို မလွန်ဆန်နိုင်ခဲ့သူပါ.... ပထမဦးဆုံးရေးတဲ့နန်းတွင်း Fic ...လက်ကမြင်းပြန်ပြီဟေ့ အခုတလော နန်းတွင်းဇာတ်လမ်းမဟားတရားရေးချင်နေတာ 🙄 ယောင်းက အရှင့်ရဲ့ကြီးမြတ်တဲ့ချစ်ခြင်းတွေကို မလွန်ဆန်နိုင်ခဲ့သူပါ.... ပထမဦးဆုံးရေ...