ထယ်ယောင်းသည် မီးပုံးလွှတ်ပွဲကနေ အမြန်ပြန်လာခဲ့သည်...သူ့အနားကိုရောက်လာတဲ့လူရဲ့ အကြည့်စူးစူးတွေက အခုထိထယ်ယောင်းအာရုံထဲကမထွက်ပေ...
အနီရောင်ဝတ်စုံနဲ့ထိုလူသည် ခန့်ညားချောမောလှသည်...ထိုလူရဲ့အကြည့်စူးစူးတွေကြောင့် ဘာမှမပြောမိပဲလှည့်ထွက်ကာပြန်ပြေးလာခဲ့သည်..မိမိကို တစ်ယောက်ယောက်မျက်မှန်းတန်းသိရှိသွားမှာမကြိုက်တာကြောင့် အမြန်ထွက်လာခဲ့ခြင်းပင်..
"အမေ့"
တည်းခိုဆောင်သို့ ခပ်သွက်သွက်ပြန်ရာလမ်းတွင် တစ်နေရာအရောက်ထယ်ယောင်းကိုယ်လေးမှာ လက်တစ်ဖက်နဲ့ဆွဲခြင်းခံရကာ အမှောင်ထဲက လူရဲ့ ရင်ခွင်ထဲကွက်တိဝင်သွားခဲ့ရသည်...
"အစ်ကိုတော်"
ထိုလူ့ကိုမော့ကြည့်ပြီးထယ်ယောင်းခေါ်လိုက်မိသည်...ထိုလူသည်အနည်းငယ်စိတ်ဆိုးနေပုံရသည်...စိတ်ဆိုးတာထက် စိတ်ပူနေတာကများနေပုံရသည်...
ဘာစကားမှပြန်မဆိုပဲ ထယ်ယောင်းတည်းခိုတဲ့အဆောင်ထိပြန်လာကာ အခန်းထဲထိဆွဲခေါ်လာတဲ့ထိုလူ..
အခန်းထဲရောက်တာနဲ့ ထယ်ယောင်းလက်ကိုလွှတ်ပေးကာ ထယ်ယောင်းကိုကျောပေးရပ်ရင်းခါးထောက်ထားသည်...ထယ်ယောင်းလည်း ကိုယ့်အမှားကိုယ် သိသည်မို့ ဒူးထောက်လိုက်ရင်း...
"အစ်ကိုတော် ယောင်းမှားပါတယ်...ယောင်းကိုစိတ်မဆိုးပါနဲ့..."
"............."
"အစ်ကိုတော် ...ဟင့် ယောင်း.."
"တော်တော့ယောင်းငယ်"
ငိုတော့မယ့်ထယ်ယောင်းဘက်ကိုလှည့်လာကာ ပုခုံးကနေဆွဲကိုင်ရင်းထစေသည်...ထယ်ယောင်းမျက်ဝန်းတွေထဲထိစိုက်ကြည့်ကာ ..
"ယောင်းငယ်ဒီလို ခိုးထွက်တာ ခမည်းတော်သိရင်ဘာဖြစ်မလဲ စဉ်းစားမိလား"
"ဟင့်...ယောင်းက...ယောင်းက"
"ဒီတစ်ခေါက်ယောင်းငယ်အရမ်းမှားတယ်...မယ်တော်အရမ်းစိတ်ဆိုးနေတယ်.."
"ယောင်းကိုမဆူပါနဲ့.."
"မဆူပါဘူး အစ်ကိုတော်ဘယ်လောက်ထိစိတ်ပူသွားလဲယောင်းငယ်သိရဲ့လား...ဒီဂျိုဆွန်းမှာယောင်းငယ်ဘယ်သူနဲ့သိလို့လဲ...ဘာအားကိုးပြီး ဒီကိုတစ်ယောက်ထဲလာလိုက်ရတာလဲ..ယောင်းငယ်တစ်ခုခုဖြစ်သွားရင် အစ်ကိုတော်ဘယ်လိုဖြေရမလဲ..."
ESTÁS LEYENDO
💜 Prince Kim 💜 (Completed)
Fanficယောင်းက အရှင့်ရဲ့ကြီးမြတ်တဲ့ချစ်ခြင်းတွေကို မလွန်ဆန်နိုင်ခဲ့သူပါ.... ပထမဦးဆုံးရေးတဲ့နန်းတွင်း Fic ...လက်ကမြင်းပြန်ပြီဟေ့ အခုတလော နန်းတွင်းဇာတ်လမ်းမဟားတရားရေးချင်နေတာ 🙄 ယောင်းက အရှင့်ရဲ့ကြီးမြတ်တဲ့ချစ်ခြင်းတွေကို မလွန်ဆန်နိုင်ခဲ့သူပါ.... ပထမဦးဆုံးရေ...