နမ်ဂျွန်း ညီတော်ငယ်လေးဆီကစာရတာကြောင့် နမ်လျောင်ကို နောက် ၄ ရက်နေရင်စထွက်ဖို့ပြင်ဆင်တော့သည်...ဂျိုဆွန်းနဲ့နမ်လျောင်ဆို ၂ ညအိပ်သုံးရက်လောက်သွားရပေမယ့် ဂိုဂူလျောက တစ်ညအိပ် ၂ ရက်ဆိုရောက်လေသည်....
ဂျိုဆွန်းဘုရင်က ၆ ရက်မြောက်နေ့ကျရင် နမ်လျောင်ကိုစစ်ချီလာပေလိမ့်မည်...နမ်ဂျွန်းတို့က ကြိုရောက်နေဖို့လိုအပ်တာကြောင့် ၂ ရက်ကြိုသွားမည်ဖြစ်လေသည်....
ညီတော်ငယ်လေး နမ်ဂျွန်းဆီစာပို့တာကို ဂျိုဆွန်းဘုရင်မရိပ်မိဖို့ နမ်ဂျွန်းဆုတောင်းမိသည်....နမ်လျောင်ပြည် မိမိတို့လက်ထဲကျရောက်တာနဲ့ ညီတော်ငယ်လေးကို ဂျိုဆွန်းနန်းတော်ကနေ ခေါ်ထုတ်ဖို့ နမ်ဂျွန်းစိတ်ကူးထားသည်...ဂျိုဆွန်းဘုရင်ကို ညီတော်ငယ်လေး မနှစ်သက်ကြောင်း နမ်ဂျွန်းသိသည်.....ညီတော်ငယ်လေးကိုပြန်ခေါ်ပြီးတာနဲ့ မင်းသမီးတစ်ပါးပါးနဲ့လက်ထပ်ပေးဖို့စဉ်းစားထားသည်....
ထယ်ယောင်းဆီ အရှင် ကြင်ယာတော်မြှောက်ပွဲပြီးတဲ့ညကတည်းက မလာတော့ပေ...အရှင်ဘာတွေလုပ်နေမလဲ...သေချာပေါက် နမ်လျောင်စစ်ပွဲအတွက်ပြင်ဆင်နေမှာပေါ့ ...ဒီနေ့နဲ့ဆို ၄ ရက်မြောက်ရှိပြီ...အစ်ကိုတော် ဒီနေ့လောက်စထွက်မယ်လို့ထင်မိသည်....
အရာအားလုံးအဆင်ပြေစေချင်သည်...အစ်ကိုတော်မထိခိုက်ဖို့ မျှော်လင့်မိသည်....ဒါဆို အစ်ကိုတော်နဲ့တိုက်ခိုက်မယ့် အရှင့်ကိုရော ထယ်ယောင်းစိတ်ပူရဲ့လား..
"ကြင်ယာတော်"
ထယ်ယောင်းရေကန်ကြီးအလယ်က အဆောင်တော်မှာ အနားယူနေခိုက် ရေးကြီးသုတ်ပျာဝင်လာတဲ့ အပျိုတော် ရှင်းအာ....ရှင်းအာက ထယ်ယောင်းကိုခစားရတဲ့အပျိုတော်တွေထဲကတစ်ယောက်ဖြစ်သည်...တစ်နည်းအားဖြင့် ဂိုဂူလျောနန်းတော်က မယ်မယ့်ကိုခစားရတဲ့အပျိုတော်ဖြစ်သည် ....အစ်ကိုတော့်စနက်ကြောင့် ထယ်ယောင်းကိုခစားရအောင်ရောက်လာခြင်းဖြစ်သည်...
"ရှင်းအာ ဘာဖြစ်လာတာလဲ"
မျက်စိမျက်နှာပျက်ကာ လျှောက်တင်ဖို့မဝံ့ရဲနေတဲ့ ရှင်းအာကို ထယ်ယောင်း အားမရဖြစ်မိသည်...
VOUS LISEZ
💜 Prince Kim 💜 (Completed)
Fanfictionယောင်းက အရှင့်ရဲ့ကြီးမြတ်တဲ့ချစ်ခြင်းတွေကို မလွန်ဆန်နိုင်ခဲ့သူပါ.... ပထမဦးဆုံးရေးတဲ့နန်းတွင်း Fic ...လက်ကမြင်းပြန်ပြီဟေ့ အခုတလော နန်းတွင်းဇာတ်လမ်းမဟားတရားရေးချင်နေတာ 🙄 ယောင်းက အရှင့်ရဲ့ကြီးမြတ်တဲ့ချစ်ခြင်းတွေကို မလွန်ဆန်နိုင်ခဲ့သူပါ.... ပထမဦးဆုံးရေ...