Part 1

115 14 0
                                    

Unicode

ကော်ဖီဆိုင်လေးထဲတွင် ကောင်လေးတစ်ယောက်သည် Dream Catcher များကို ချိတ်ဆွဲရင်း အားရကျေနပ်နေသည်။ အရာအားလုံးပြင်ဆင်ပြီးသွားပြီမို့ ဆိုင်ဖွင့်ရန်သာ လိုတော့သည်။ အသင့်မှာယူထားသော အလှပန်းပင်များကို ဆိုင်အပြင်တွင် ချိတ်ဆွဲထားပြီးသွားသောကြောင့် ဆိုင်အတွင်းတွင် သုံးလေးပင်လောက်ကို နေရာချထားလိုက်၏။

ဆိုင်အတွင်းပိုင်းအား အားရပါးရ ကြည့်ပြီးနောက် ဆိုင်အပြင်ပိုင်းကို သွားကြည့်လိုက်သည်။ ဖန်သားဖြင့် ကာရံထားသဖြင့် အတွင်းပိုင်းကို ရှင်းလင်းစွာ မြင်နေရ၏။ ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ထားသော ဆိုင်ဘုတ်ဆီသို့ အကြည့်များရောက်တော့ ရင်ခုန်စွာ ပြုံးမိသည်။

Dream Catcher ဟူ၍ ကော်ဖီဆိုင်ကို နာမည်ပေးရခြင်းမှာ တစ်စုံတစ်ယောက်ကြောင့်ဆိုတာ ထိုတစ်စုံတစ်ယောက် သိအောင် ဖွင့်ပြောရဦးမည်။

“အဲ့… လန်းလှချည်လားကွာ။ Dream Catcher စာတန်းကို Dream Catcher တွေနဲ့ပဲ အလှဆင်ထားတာ…”

“ဒီလိုပဲ ဖြစ်ရမယ်လေ။ ငါကိုယ်တိုင်လုပ်ထားတာပဲ။”

လင်း၏ အပြောကို ဝံကြွားစွာ ထပ်တူပြုမိတော့ ပြောမိတာ မှားပါတယ် ဟူသော အမူအရာမျိုးကို လက်ခံလိုက်ရသည်။

“လာကွာ။ ဆိုင်ထဲဝင်ရအောင်... မင်းကို ငါ ကော်ဖီဖျော်တိုက်မယ်။ ပစ္စည်းတွေ ဝယ်ထားပြီးပြီ။”

“နေပါစေ… မင်း အလုပ်ရှုပ်နေတာကိုး။ ငါက ဘာကူစရာရှိသေးလဲလို့ လာကြည့်တာ…”

“လုပ်စရာက မရှိတော့ပါဘူး။ ပန်းချီကားတွေ ချိတ်ပြီးရင် ဆိုင်ဖွင့်ပွဲအတွက် ပန်းလေးနည်းနည်းလောက် အလှဆင်မယ်။ ဒါပဲ…”

စကားများ ပြောရင်း ဆိုရင်းနှင့် ဆိုင်ထဲသို့ ဝင်လာလိုက်သည်။ ဆိုင်အပြင်အဆင်ကို သေချာကြည့်ရှုပြီး ပြုံးနေသော လင်းကြောင့် မလုံမလဲတောင် ဖြစ်လာရ၏။

“ငါလည်း တစ်ယောက်လောက် နက်နက်ရှိုင်းရှိုင်း ချစ်ကြည့်ချင်တယ်ကွာ။ ဟဲ ဟဲ…”

“ရှေ့စကားက လေးနက်ပေမယ့် ဟဲ ဟဲ ဆိုတာက ဘာကြီးလဲ။”

“ဟဲ ဟဲ ဆိုတာ ဟဲ ဟဲပေါ့… ဒါနဲ့ ဖွင့်ပွဲက ဘယ်နေ့လဲ။”

I want to your dream catcherWhere stories live. Discover now