Part 2

80 13 0
                                    

Unicode

ကျွန်တော် အရမ်းချစ်မိသွားတဲ့အစ်ကို… ပကတိတည်ငြိမ်နေတဲ့ အစ်ကို့မျက်ဝန်းရေပြင်လေးမှာ လက်ပစ်ကူးခတ်ချင်မိတယ်။ အေးစက်စက်အပြုံးတွေနဲ့ လူကို လျစ်လျူရှူမယ့်အစား အနမ်းချိုချိုတွေနဲ့ လူကို မပြုစားချင်ဘူးလား…

မက်ဆေ့ခ်ျသံ ကြားရသဖြင့် ဖုန်းကို အလျင်စလိုဖွင့်ကြည့်မိသည်။ ထူးဆန်းစွာ ရောက်လာသော မက်ဆေ့ခ်ျသည် နိုင်ရဲကို စိတ်နှင့်လူနှင့် မကပ်အောင် လုပ်နိုင်စွမ်းရှိ၏။ အစပိုင်းတွင် ဖုန်းနံပါတ်စိမ်းဖြစ်သောကြောင့် အမှုမဲ့ အမှတ်မဲ့နေခဲ့သော်လည်း တစ်နေ့တစ်စောင်နှုန်းဖြင့် လေးရက်တောင်ရှိနေပြီ။ ခန့်မှန်းမိသော လူလည်း မရှိ။ မက်ဆေ့ခ်ျသံကို လျစ်လျူရှူတတ်သောအကျင့်သည် ယခုတော့ ယိုင်နဲနဲနှင့်။

ရင်ခုန်သည်မဆိုသာသော်လည်း အနည်းငယ်တော့ စိတ်ဝင်စားမိ၏။

“နိုင်ရဲ… ဘာတွေ ငူငိုင်နေတာလဲ? သွားမယ်လေ…”

“ဟမ်… ဘယ်သွားမှာလဲ။”

“လိုက်မှာသာ လိုက်ခဲ့စမ်းပါ။”

မနက်ပိုင်း ဘားလာတတ်သော အကျင့်မရှိသည့် အရုဏ်သည် စောစောစီးစီးရောက်နေသဖြင့် ထူးဆန်းနေမိသော်လည်း ယခုတော့ သိလိုက်ရပြီ။ ဆိုင်ကို မန်နေဂျာနဲ့ ထားခဲ့ရမှာမို့ အကျိုးအကြောင်း သွားပြောလိုက်သည်။ ထို့နောက် ကားသော့ယူကာ ခေါ်သူနောက် လိုက်ရန်ပြင်သော်လည်း ငါ့ကားနဲ့ပဲ သွားမယ် ဟူသော စကားအဆုံး ကားသော့ခမြာ ပစ်ချခံလိုက်ရ၏။

သွားစရာရှိသည်ဆိုသော နေရာသည် အခြားမဟုတ်။ ကော်ဖီဆိုင်လေးတစ်ဆိုင်… သွေး၏ ကော်ဖီဆိုင်လေးသည် ဖွင့်ပွဲနေ့မို့ လူစည်ကားနေ၏။ ရန်ကုန်မြို့တွင် အပြင်အဆင်၊ ဝန်ဆောင်မှု၊ အရသာ သုံးခုစလုံး ကောင်းမွန်သည့် ကော်ဖီဆိုင်မှာ ရှားပါးသည်။ သွေး၏ကော်ဖီဆိုင်သည် အပြင်အဆင်မှာ ပြောစရာမလို၊ ဝန်ဆောင်မှုမှာလည်း အပြုံးချိုချိုလေးနှင့်တင် လုံလောက်သည်။ တစ်ခုပဲ အရသာကိုတော့ မြည်းကြည့်ရဦးမည်။

သို့သော် ကားပေါ်မှ ခြေမချရသေးသဖြင့် အရုဏ်ကို လှည့်ကြည့်လိုက်သည်။ သူ့အကြည့်များသည် ကော်ဖီဆိုင်လေးထံတွင်သာ ရှိ၏။

I want to your dream catcherWhere stories live. Discover now