Part 6

72 13 2
                                    

Unicode

ရန်ကုန်မြို့တစ်နေရာရှိ ကော်ဖီဆိုင်လေးထဲတွင် သွေးသည် ကောင်တာပေါ်သို့ မေး ထောက်ရင်း မျက်စိရှေ့စားပွဲဝိုင်းတွင် ro နေသောအတွဲအား ကြည့်နေမိ၏။

အရင်ဆုံး Crush ရှိတာ ငါ... အရင်ဆုံး sold out ဖြစ်တာ သူတို့... ဪ မတရားလိုက်တာနော်....

အစ်ကို့ဆီ စာပို့ရန် သတိရသွားသဖြင့် စာသားတစ်ချို့အား ရိုက်လိုက်သည်။

ကျွန်တော် အရမ်းချစ်မိသွားတဲ့အစ်ကို… ကျွန်တော် ဘယ်သူလဲဆိုတာ ခေါင်းရှုပ်ခံပြီး စဉ်းစားမနေပါနဲ့။ ကျွန်တော်က အစ်ကို့ရဲ့ အရိပ်လေးလေ။ ခန္ဓာကိုယ်ရဲ့ အရိပ်တော့ မဟုတ်ဘူး။ နှလုံးသားရဲ့အရိပ်… ဒါကြောင့်မို့ အစ်ကို့ဘေးနားမှာ အမြဲရှိနေတဲ့ ကျွန်တော့်ကို အစ်ကို မြင်မှာမဟုတ်ဘူး။ မြင်ခဲ့ရင်တောင် လျစ်လျူရှု့တဲ့ အစ်ကို့နှလုံးသားက ဘာသားနဲ့ထုထားတာလဲဟင်?

ကိုယ့်စာကိုယ်ပြန်ဖတ်ပြီး ရယ်နေမိသည်။ ဒီစာတွေကို ပို့တာ ကျွန်တော်မှန်း အစ်ကိုသိတာ သေချာနေပြီမို့ ဖုံးကွယ်ရန် စိတ်မကူးတော့။ ကျွန်တော့်စာကို ဖတ်ပြီး အေးစက်စက်ဖြစ်နေသော အစ်ကို့မျက်နှာသည် ခေါင်းရမ်းရင်း သေချာပေါက် မှုန်ကုပ်နေလိမ့်မည်။

ထိုစဉ် ထူးထူးဆန်းဆန်း ဝင်လာသော မာမီဖုန်းနံပါတ်ကြောင့် ကိုင်လိုက်သည်။

“ဟယ်လို မာမီ…”

“…”

“ဪ… အိုကေ။ ကျွန်တော် ရှာထားလိုက်မယ်။”

“…”

“အင်းပါ။ ရပါတယ်။ ကျွန်တော် နားလည်ပါတယ်။ ဒါပဲမလား မာမီ”

ပြောစရာစကားများ ကုန်သွားသည်နှင့် ဖုန်းကို ဦးစွာ ချပစ်လိုက်သည်။

သားဖြစ်သူရဲ့ ဆိုင်ဖွင့်ပွဲကိုကျ အလုပ်တွေ ထားခဲ့လို့မရလို့ မလာနိုင်ဘူး။ အခုတော့ ယောက်ျားဖြစ်သူဘက်က ပါတဲ့သားက ရန်ကုန်ကို အလည်လာချင်တယ်ဆိုလို့ အလုပ်တွေတောင် ပစ်ထားရတယ်ဆိုပဲ။ သားအရင်းဖြစ်သူကိုတော့ သူ့တို့ တည်းဖို့ အိမ်ရှာခိုင်းတယ်။ မိသားစုလိုက် ပျော်ပျော်ပါးပါးပေါ့… တရားကျလိုက်ကြတာ...

I want to your dream catcherWhere stories live. Discover now