Part 4

71 14 0
                                    

Unicode

ဘားကောင်တာတွင် လာထိုင်၍ ထွေရာလေးပါး ပြောနေသော ကောင်လေးသုံးယောက်ကို စိတ်ရှုပ်ရှုပ်နှင့်သာ ထိုင်ကြည့်နေလိုက်သည်။ ဘားတွင် အရုဏ်ကို မတွေ့ရသည့် အကြောင်းအရင်းအား မသိမသာအကဲခတ်နေသော စစ်ကြောင့် အရုဏ်အတွက် ပျော်ရမလိုလို၊ ကျွန်တော့်အတွက် ဝမ်းနည်းရမလိုလို။

စစ်ကို ကျော်ကြည့်မိတော့ ကျွန်တော့်ကို စိုက်ကြည့်ကာ စကားပြောချင်နေသော သွေးကြောင့် မသိချင်ယောင်ဆောင်လိုက်၏။ ကျွန်တော် ဒီကောင်လေးနဲ ရင်းရင်းနှီးနှီးနေရင် မထင်မှတ်တာတွေ ဖြစ်ကုန်မှာ စိုးရသည်။

ထို့နောက် ထပြန်မည်ဆိုကာ ပြန်သွားသော ကျောပြင်များကို ကြည့်ပြီး ရုတ်တရက်ဆန်နေသည်မို့ အံဩစိတ်ဖြစ်နေဆဲ…

“အစ်ကို!”

ခေါ်သံကြောင့် လူက လန့်သွား၍ လှည့်ကြည့်လိုက်သောအခါ သွေးအား တွေ့လိုက်ရ၏။ ခုနက ပြန်သွားပြီလေ...

“အင်း…”

“ပြန်ပြီလို့ လာပြောတာ။ ခုနက မနှုတ်ဆက်လိုက်ရလို့။”

“ဪ…အင်း။ ပြန်လေ။”

ပြောပြီးချင်းချင်း ပြန်လှည့်ထွက်သွားသော ကောင်လေးအား ကြည့်၍ ခေါင်းခါမိ၏။ ထိုစဥ် ရယ်သံသဲ့သဲ့အား ကြားလိုက်ရသောကြောင့် ဘေးသို့ စောင်းငဲ့ကြည့်လိုက်သောအခါ

“အဟင်း… မင်းချာတိတ်က ကျန်တဲ့ နေရာမှာပဲ လက်ရဲဇတ်ရဲရှိတာနဲ့ တူတယ်။ ငါတွက်တာ မမှားရင် အနည်းဆုံး လွန်ခဲ့တဲ့သုံးနှစ်လောက်ထဲက ဒီကို သူလာနေတာ။ ဧကန္တ မင်းကို သူ ရှိန်နေတာ ထင်တယ်။”

“သူ လက်ရဲဇတ်ရဲ ရှိတာ မင်းဘယ်လိုသိလဲ။”

“မကြာသေးခင်ကမှ စုံစမ်းထားတာ။ စစ်အကြောင်းဆိုပေမဲ့ သူ့အကြောင်းကိုလည်း သိခဲ့တာ။”

“သွေးက ငယ်ပါသေးတယ်။ စိတ်ကစားတာလည်း ဖြစ်နိုင်တယ်။ ပြီးတော့ ငါ သူ့ကို မကြိုက်ဘူး အရုဏ်။ ညီလေးတစ်ယောက်လိုပဲ… ခင်တာ။ ငါ့ကိစ္စကြီးပဲ ပြောမနေနဲ့။ မင်း အခု ဘာလုပ်နေတာလဲ။”

ပြောသာ ပြောလိုက်ပေမယ့် စိတ်ထဲက မလုံမလဲဖြစ်သွားသောကြောင့် စကားလမ်းကြောင်းအမြန်လွှဲရသည်။

I want to your dream catcherWhere stories live. Discover now