Part 7

69 14 4
                                    

Unicode

သက်သောင့်သက်သာ မဖြစ်မှုများနှင့်အတူ ပုံမှန်နိုးနေကျ အချိန်မဟုတ်သည့် အချိန်တွင် နိုးလာရသည်။ နေတောင် မထွက်သေးသောကြောင့် မျက်လုံးများ ဖွင့်လိုက်သည်နှင့် အမှောင်ထုကိုသာ တွေ့ရ၏။ ဝရံတာတံခါးကို ဖွင့်ထားသောကြောင့် အေးစက်မှုကို အနည်းငယ် ခံစားလိုက်ရသည်။ မနက်ခင်းလေပြည်၏ ရွေ့လျားမှုကြောင့် လွင့်သွားသော လိုက်ကာစအနောက်တွင် လူတစ်ယောက်ကိုပါ မထင်မရှားတွေ့လိုက်ရသေးသည်။

မှတ်ဉာဏ်များကို ပြန်မခေါ်နိုင်သေးခင် ထိုလူ၏ မျက်နှာကို သေသေချာချာ ကြည့်မိ၏။ ထိုစဉ် ထွက်ပေါ်လာသော နေမင်း၏ အလင်းရောင်ကြောင့် ရှင်းလင်းစွာမြင်လိုက်ရသည်။

ရှပ်အင်္ကျီကို ကြယ်သီးသုံးလုံးလောက် ဖြုတ်ထားကာ ဆေးလိပ်ကို ဟန်ပါပါသောက်နေသောသူ။ တံခါးဘောင်ကို ကန့်လန့်ဖြတ်ကာ ဒူးထောင်ရင်း မျက်လုံးများကို မှိတ်ထားသည်။ ဘေးတစောင်းမြင်နေရသော မျက်နှာချောချောသည် ကျွန်တော်နှင့် မစိမ်းသက်… အကြည့်များသည် မီးခိုးငွေ့များ လွင့်ပြယ်ကာ ထွက်လာစေသော နှုတ်ခမ်းထံသို့ ရောက်တော့ မှတ်ဉာဏ်များက မခေါ်ရဘဲ ရောက်လာ၏။

မနေ့ညက မွေးနေ့ပွဲမှာ ဆေးမိသွားစဉ်တုန်းက အသိရှိသေးသည်။ သွေးကို ခေါ်လာခဲ့တုန်းကလည်း အဲ့လောက်အထိ သူစိတ်မလွတ်သေး။ သို့သော် အခုတော့ စိတ်လွတ်ချင်နေပြီ။

ဘာလို့များ သူ့ကိုမှ အလိုရှိခဲ့မိတာလဲ… မင်း သူ့ကို ချစ်မိသွားပြီလား? ပြီးတော့ ဘယ်လိုစိတ်နဲ့များ လွန်ကုန်လည်း အဆင်ပြေတယ်လို့ ပြောထွက်ခဲ့တာလဲ?

“အောင်နိုင်ရဲ… မင်းကတော့ကွာ။”

တီးတိုးရေရွတ်လိုက်ပေမယ့် လှည့်ကြည့်လာသော မျက်ဝန်းတစ်စုံကြောင့် မြင်လွှာကို ပိတ်လိုက်သည်။ တဒိတ်ဒိတ်ခုန်နေသော နှလုံးသားကြောင့် အလိုအလျောက် မျက်မှောင်ကြုတ်သွားသည်ကိုတော့ မထိန်းလိုက်နိုင်။

……………………………………

ဆေးလိပ်သောက်ချင်လို့ မီးညှိခဲ့ပေမယ့် မသောက်ဖြစ်ဘဲ ကိုင်ရုံသာ ကိုင်ကာ အတွေးများနေမိသည်။ သို့သော် စိုက်ကြည့်နေသော အစ်ကို့ကြောင့် မရည်ရွယ်ဘဲ သောက်ဖြစ်သွား၏။ အကြည့်များကို မလွဲတာလား… မျက်လုံးများ ပွင့်သည်နှင့် မြင်နေရသောကြောင့်ပဲလား… အကြောင်းပြချက်ကို သေချာစွာမသိပေမယ့် အကြည့်ခံရသူကတော့ ရင်တွေခုန်နေရ၏။

I want to your dream catcherWhere stories live. Discover now