Part 3

79 12 2
                                    

Unicode

"သူဌေး... ဖုန်းလာနေတယ်။"

"ဪ... အေး။ ကျေးဇူး..."

လာနေကျ မက်ဆေ့ခ်ျကို ရှောင်လွဲချင်သဖြင့် ဖုန်းကို ဝေးဝေးထားသည့်အချိန်မှ အရုဏ်က ဖုန်းဆက်သည်။ ဖျော်လက်စ ကော့တေးလ်ခွက်ကို ကောင်တာပေါ် ချထားလိုက်ပြီး ဖုန်းလာပေးသူထံမှ ဖုန်းကို ယူလိုက်သည်။ အနည်းငယ် ဆူညံနေသောအသံများကြောင့် ကောင်တာမှ ထွက်လာကာ ချောင်ကျကျနေရာတွင် ဖုန်းပြောရ၏။

"ဟယ်လို အရုဏ်..."

"အေး။ ငါတို့ ဒီနေ့ ပြင်ဦးလွင်က ပြန်မလာဖြစ်ဘူး။"

"ဘာလို့လဲ?"

"ကားပျက်နေလို့..."

ရိုးရှင်းလှသော အကြောင်းပြချက်ကြောင့် ရယ်ချင်သွားသည်။

"ကားက သူ့ဘာသာသူ ပျက်တာလား? ကားပိုင်ရှင်ကြောင့် ပျက်သွားတာလား?"

"မသိဘူးလေ။ ငါက စက်ပြင်ဆရာမှ မဟုတ်တာ။"

"အပိုတွေ မပြောနဲ့။ မင်းအကွက်တွေ ငါရိုးနေပြီ။"

"မင်းအတွက်ရိုးပေမယ့် သူကယုံတယ်လေ။ ပြီးတော့ သူ့သူငယ်ချင်းတွေကိုလည်း ပြောမှာပဲ။ မင်းကို မေးတဲ့အခါ တစ်ခုခုထူးဆန်းသွားမှာစိုးလို့ ကြိုပြောတာ။"

"အေးပါ။ ဒါပဲမလား။ ဖုန်းချလိုက်တော့။ ငါမအားဘူး။"

"ငါလည်း မအားပါဘူး။"

စနောက်လိုက်သော်လည်း ကျွန်တော့်ကိုတောင် ပြန်ငေါက်ရင်း ဖုန်းချသွား၏။ ဖုန်းကို ကောင်တာပေါ်တင်လိုက်ပြီး ဖျော်လက်စ ကော့တေးလ်ကို စပ်ရန်ပြင်လိုက်သော်လည်း မတွေ့ရတော့။ ဘယ်ကမှန်းမသိ ရောက်လာသော ဖျော်ပြီးသား Whiskey smash တစ်ခွက်ကို တွေ့ရသည်။

ခွက်အောက်ခြေတွင် ဖိထားသော စာရွက်လေးကို ယူကြည့်မိတော့ အစ်ကို့အတွက် ဟူသော စကားလုံးကို တွေ့ရ၏။ ထိုအချိန် ကြားလိုက်ရသော အသံကြောင့် ဖုန်းကို ယူကြည့်မိလိုက်တော့ မက်ဆေ့ခ်ျလေးတစ်စောင်...

ကျွန်တော် အရမ်းချစ်မိသွားတဲ့အစ်ကို... အစ်ကို့ရှေ့က ကော့တေးလ်ထဲမှာ ကျွန်တော်ရဲ့အချစ်တွေကို ထည့်ထားတယ်။ မသောက်ဘဲနဲ့တော့ မနေပါနဲ့။ အချစ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် တူညီကြတာမဟုတ်ဘူး။ ကျွန်တော့်အချစ်က ဘယ်လိုအရသာလဲဆိုတာ အစ်ကို့မြည်းစမ်းကြည့်သင့်တယ်။ သေချာတာကတော့ ရောစပ်ထားတဲ့ ဝီစကီအရသာ ခပ်ပြင်းပြင်းလိုမျိုး ကျွန်တော့်အချစ်က နက်ရှိုင်းတဲ့စစ်မှန်မှုမျိုးပါ။ စကားမစပ်... ကျွန်တော့်စာကို အစ်ကိုမျှော်နေခဲ့တယ်မလား

I want to your dream catcherWhere stories live. Discover now