Part 5

66 12 0
                                    

Unicode

Close ဟူသော ဆိုင်းဘုတ်ပြားလေးကို ချိတ်ဆွဲထားသော ကော်ဖီဆိုင်လေးသည် မနက်စောပိုင်းကတည်းက မီးလင်းနေ၏။ Kitchen room ထဲတွင် ကောင်လေးတစ်ယောက်သည် တစ်စုံတစ်ခုကို ပျက်စီးသွားမည်စိုးသယောင်။ ဖွဖွလေးကိုင်ကာ အလှဆင်နေသည်။

“အစ်ကို ကြိုက်ပါ့မလား မသိဘူး။ အဟင်း…”

မွေးနေ့ကိတ်ကို ကြည့်ကာ တစ်ယောက်တည်းစကားပြောရင်း ရယ်နေသော ကျွန်တော့်ကို တစ်ယောက်ယောက်သာ တွေ့လျှင် ရူးနေသည်ဟုထင်မှာပဲ။

ဒီနေ့သည် အစ်ကို့မွေးနေ့ဖြစ်သောကြောင့် အစောကြီးကတည်းက အစ်ကိုကြိုက်တတ်သော စတော်ဘယ်ရီကိတ်ကို ပြုလုပ်နေခဲ့ခြင်း ဖြစ်သည်။

ကျွန်တော့်ဆိုင်လေး၏ ရောင်းအားသည် များများစားစား အမြတ်ငွေမရပေမယ့် ကျွန်တော့်အတွက် အဆင်ပြေသည်။ စစ်နှင့်လင်းက မိဘတွေရဲ့လုပ်ငန်းမှာ လုပ်ကိုင်နေပြီမို့ ဝန်ထမ်းအသစ်များ ခေါ်လိုက်ရသည်။ သို့သော် ဒီနေ့အတွက်တော့ ဆိုင်ပိတ်ထား၏။

မွေးနေ့ကိတ်ကို ကိတ်ဘူးထဲသို့ ဂရုတစိုက်ထည့်ကာ အစ်ကို့ဆီ သွားပေးရန် ရည်ရွယ်ထားသည်မို့ ကားဆီသို့လျှောက်လာလိုက်သည်။ အပျော်များနှင့်အတူ အစ်ကို့၏ ဘားဆီသို့ ဦးတည်မောင်းနှင်လိုက်သည်။ သို့သော် ဆိုင်ပိတ်ကာ တစ်နေရာသို့ သွားဟန်ပြင်နေသော် အစ်ကို့ကြောင့် မလှမ်းမကမ်းနားတွင် ကားရပ်ရင်း ကြည့်နေမိ၏။

ကားနောက်ခန်းထဲသို့ ပစ္စည်းတစ်ချို့ထည့်ပြီးနောက် တရွေ့ရွေ့မောင်းနှင်သွားသော အစ်ကို့ကားအနီရောင်လေးနောက်သို့ ကျွန်တော်ကားသည်လည်း ထပ်ချပ်မကွာလိုက်ရတော့သည်။ အစ်ကို့ကားကို မျက်ခြေမပျက်စေဖို့အရေး အာရုံစိုက်နေသည့်မို့ ဘယ်နေရာကို မောင်းနှင်နေသလဲ သတိမပြုအား။

လူနေအိမ်ခြေနည်းပါးသော နေရာသို့ ရောက်မှန်းမသိရောက်လာရင်း ခြံတစ်ခြံထဲသို့ ဝင်သွားသော အစ်ကို့ကားကြောင့် ကျွန်တော်လည်း ခြံထဲကိုဝင်သွားလိုက်သည်။ ကားနှင့်ဝင်လျှင် သတိထားမိမည်စိုးသဖြင့် မလှမ်းမကမ်းတွင် ကားထားခဲ့ပြီး ကိတ်မုန့်ဘူးကိုသာ ယူခဲ့၏။

I want to your dream catcherWhere stories live. Discover now