Part 9

69 13 0
                                    

Unicode

အေးစိမ့်စိမ့်ဖြစ်နေသော မနက်ခင်းကြောင့် စောင်ကို ပုခုံးထိလုံအောင် ခြုံ၍ ကွေးနေမိသည်။ နိုးနေပါသော်လည်း မထချင်သော စိတ်နှင့် မဖွင့်ချင်သေးသော မျက်လုံးများက အတိုင်အဖောက်ညီနေကြသည်။

မနေ့ညတုန်းက သွေးကို တစ်ပတ်ရိုက်လိုက်ရခြင်းအား ကျေနပ်သွားသောကြောင့် ပြုံးမိ၏။ အိပ်ပြန်လာတာကို စောင့်နေမည့်သူနှင့် မျက်နှာချင်းဆိုင်ခြင်းမှ ရှောင်လွဲချင်သဖြင့် ဘားအပေါ်ထပ်ရှိ အခန်းမှာသာ အိပ်လိုက်သည်။ စောင့်နေမည့်စိုးသဖြင့် အိမ်မပြန်လာဖြစ်ကြောင်း မက်ဆေ့ခ်ျတော့ လှမ်းပို့ထားသည်။

“ပြုံးနေတယ်ဆိုတာ ယောင်နေတာလား? တစ်ခုခုကို ပြန်တွေးရင်း ကျေနပ်နေတာလား အစ်ကို…”

ကြားလိုက်ရသော အသံကြောင့် မျက်လုံးများ ဖွင့်ကြည့်လိုက်သည်။ မျက်စိရှေ့ရှိ ဆိုဖာခုံတွင် ခြေချိတ်၊ မှေးထောက်ရင်း ကျွန်တော့်ကို ကြည့်နေသော သွေး…

“မင်း… ဘယ်ကနေ ဘယ်လိုလုပ်ပြီး ‌ရောက်နေတာလဲ?”

“အစ်ကိုမှ အိမ်မပြန်လာတာ။ ကျွန်တော်က လိုက်လာရတာပေါ့…”

“မင်း ငါ့ကို တစ်ညလုံး ထိုင်ကြည့်နေတာလား?”

“အစ်ကိုက အဲ့လိုကြည့်စေချင်နေတာလား?”

“မင်း! အပိုတွေ မပြောနဲ့။ ဆိုင်မဖွင့်ဘူးလား? အိမ်ပြန်တော့… ငါလည်း ပြန်တော့မှာ… မင်းလိုလူမျိုးကို သူဌေးတော်ထားရတဲ့ ဝန်ထမ်းတွေဘဝကတော့ မတွေးရဲစရာပဲ။ အားအားရှိ ဆိုင်ပဲ ပိတ်နေတာ… ဘာကြည့်နေတာလဲ!”

ဘာစကားမှ ပြန်မပြောဘဲ ပြုံးပြုံးကြီးနှင့် စိုက်ကြည့်နေသော သွေးကို ပိတ်ဟောက်လိုက်သည်။

“အစ်ကို… နာရီလည်း ကြည့်ဦး။ ၉ နာရီထိုးနေပြီ။ ပြီးတော့ ကျွန်တော့်ပုံစံကိုလည်း ကြည့်ဦး။ ဆိုင်ကို သွားပြီးမှ ဒီကိုလာတာ။ ပြီးရင် ပြန်သွားမှာ… အစ်ကိုကရော ဆိုင်မဖွင့်ဘူးလား?”

တူညီသော မေးခွန်းမျိုးကို ပြန်မေးခံရသော်လည်း ဖြေရန်တုန့်ဆိုင်းသွားရသည်။ အကြောင်းမှာ နှစ်ရက်နားမည်ဟုစိတ်ကူးထားသော ကျွန်တော့်အတွက် နားရက်မပြည့်သေး။

I want to your dream catcherWhere stories live. Discover now