Part 10

66 13 0
                                    

Unicode

တစ်ပတ်လောက်ရှိပြီ ဖြစ်သော်လည်း အစ်ကို့နှင့် စကားကောင်းကောင်း မပြောဖြစ်သေး။ အိမ်ကနေ မနက်အစောကြီးထွက်၊ ညကိုလည်း စောစောပြန်ကာ အခန်းထဲမှ မထွက်ဘဲ အတတ်နိုင်ဆုံး မျက်နှာချင်းမဆိုင်မိအောင် နေတာကြောင့်လည်း ပါမည်။ ထို့သို့သော ကိစ္စများကြောင့် စိတ်မကြည်မလင်ဖြစ်နေရသဖြင့် အစ်ကို့နှင့် ပထမဆုံးတွေ့ဆုံခဲ့သော ပန်းခြံထဲသို့ သွားကာ စိတ်ဖြေဖျောက်နေရသည်။

ဆိုင်ထဲသို့ အဝင် ကောင်တာတွင် ထိုင်နေသော ဝန်ထမ်း၏ စကားကြောင့် စိတ်များ ပိုလေးလံသွားရ၏။

“သူဌေး… သူဌေးရဲ့ အမေတဲ့။ ရောက်နေတာကြာပြီ။ ကျွန်တော်တို့ ဖုန်းခေါ်ပေမယ့် သူဌေးက ဖုန်းမကိုင်ဘူး။”

“အမေလား?”

“ဟုတ်တယ် သူဌေး… ဟိုဝိုင်းမှာ ထိုင်နေတယ်။”

ညွှန်ပြရာ ဝိုင်းဆီသို့ အကြည့်ရောက်တော့ ကျွန်တော့်ထက် နှစ်နှစ်ငယ်သော ယောက်ျားဘက်က ပါလာတဲ့ သားကို ကိတ်မုန့်ခွံ့ကျွေးနေတဲ့ မာမီ။ ထိုသူနှစ်ယောက်၏ ပုံစံကို ကြည့်နူးစွာ ငေးကြည့်နေတဲ့ ခင်ပွန်းဖြစ်သူ…

ပျော်ရွှင်နေတဲ့ မိသားစုဝိုင်းလေး… သူများတွေကြည့်ရင်တော့ သိပ်ပျော်စရာကောင်းတဲ့ မိသားစုလေး…

မိတ်မဆက်ပေးပါနဲ့လို့ အတန်တန် မှာထားရက်သားနဲ့။ မျက်စိရှေ့ကိုမှ ခေါ်လာရတယ်။ ရန်ကုန်မြို့မှာ ကော်ဖီဆိုင်တွေ ပေါပါရက်နဲ့များ…

“ပျော်စရာကောင်းနေတယ် ထင်တယ်…”

အမေ ဟူသော ဆက်နွယ်မှုကြောင့် စိတ်မပါပေမယ့် အပြုံးပါးပါးလေး ဆင်မြန်ရင်း မာမီတို့စားပွဲဝိုင်းကို သွားလိုက်သည်။ မျက်နှာချင်းဆိုင်ဖြစ်နေသောကြောင့် မြင်နေရသော ကောင်လေးကမူ ကျွန်တော့်ကို ငေးကြည့်နေ၏။ အပြုံးများကို ပေါပေါသီသီသုံးကာ

“မာမီ…”

“ဪ… သား… အားတယ်မလား။ ထိုင်…”

“ဟုတ်…”

“Honey… He is Darling’s son, A Yate Thwe.  သား… ဒါက…”

I want to your dream catcherWhere stories live. Discover now