Part 11

75 12 4
                                    

Unicode

ပုခုံးအပေါ်ပိုင်း တစွန်းတစကိုမြင်နေရသော အစ်ကို့ကို ကြည့်ရင်း အနည်းငယ် ရင်မောနေရသည်။ အစ်ကို ငြင်းလိုက်ရင် ဘယ်လိုလုပ်မလဲ ဟူသော အတွေးက မနက်စောစော ကျွန်တော့်ရင်ကို ပူလောင်စေ၏။ ခဲမှန်ဖူးသော စာသူငယ်က ခဲကို ကြောက်တာ မထူးဆန်းပါဘူး။

“အစ်ကို…”

ထိုနာမ်စားကို နှလုံးသားထဲမှ တိုးတိတ်စွာ ရေရွတ်လိုက်သော်လည်း နှုတ်ခမ်းမှ အသံထွက်သွားရသည်။ ခေါ်သူအမှတ်နှင့် လူးလွန့်လာသော အစ်ကိုသည် ကျွန်တော့်ဘက် လှည့်လာ၏။

“အင်း… သွေး… မိုးတောင် မလင်းသေးဘူး။ အစောကြီးနိုးနေတာလား။ အ!”

“ဖြည်းဖြည်းလှည့်ပါ အစ်ကိုရ။”

“အဲ့တာ ဘယ်သူကြောင့်လဲ?”

“အင်းပါ။ ကျွန်တော့်ကြောင့်…”

ကျွန်တော့်စကားသံအဆုံး ရင်ခွင်ထဲကိုသာ တိုးဝင်သွားသော အစ်ကို့ကြောင့် အံဩသွားရသည်။ အစ်ကို့ကို အမေးချင်ဆုံး မေးခွန်းအား မေးရန်လည်း မဝံမရဲဖြစ်နေဆဲ… တိုးညှင်းစွာ ထွက်လာသော အသံပေမယ့် ရှင်းလင်းစွာကြားလိုက်ရသည်။

“သွေး အစ်ကို့ကို ချစ်လား…”

“ချစ်တာပေါ့။ ကျွန်တော် အစ်ကို့ကို အရမ်းချစ်တာ။ အစ်ကိုရော…”

ကျွန်တော့်နှင့် အကြည့်ချင်းဆုံစေရန် အစ်ကို့မေးဖျားကို ကိုင်တွယ်ရင်း မျက်နှာကိုမော့စေကာ မေးလိုက်သည်။

“တစ်လပြည့်ပြီလား?”

“ဟင်…”

“အစ်ကိုပြောထားတဲ့ တစ်လပြည့်ပြီလားလို့…”

“မပြည့်သေးဘူး။”

အစ်ကို့ဆိုလိုရင်းကို သိနေသူမို့ မပြောချင်၊ ပြောချင်နဲ့ ပြောလိုက်ရသည်။ ချစ်နေမှန်း သေချာစွာ သိပြီးသွားရက်နဲ့တောင် အဖြေကို အချိန်အတိအကျနှင့် ပေးချင်နေသူအား ဘယ်လိုလုပ်ရမလဲမသိတော့။

“အစ်ကိုကတော့ တကယ်ပါပဲ။ အစ်ကို့စိတ်ကို ဆန်းစစ်လို့ရသွားပြီမလား?”

“လူဆိုတာ ကတိတည်ရတယ်လေ သွေးရဲ့… ဒါနဲ့ အစ်ကို့အချစ်ဦးကို ဘယ်လိုသိသွားတာလဲ?”

I want to your dream catcherWhere stories live. Discover now