Final Part

128 14 0
                                    

Unicode

“သူဌေး…”

“ဟမ်… ဪ… အင်း ပြောလေ။”

ကောင်တာတွင် အလုပ်ရှုပ်နေစဉ် Baker ကောင်လေးသည် ဘေးနားတွင် မဝံမရဲနှင့် တဝဲဝဲလည်နေ၏။ အကြည့်များနှင့် မေးမြန်းမိတော့

“ကျွန်တော် မနက်ဖြန် ခွင့်တစ်ရက်လောက်ရမလား။”

“ကိစ္စက?”

ပြန်ဖြေရန် စပ်ဖြီးဖြီးလုပ်နေသောကြောင့် အတွေးပေါက်မိ၍ ပြုံးမိသည်။

“ကောင်မလေးကိစ္စလား?”

“ဟီး… ဟုတ်တယ် သူဌေး။ ကောင်မလေးတော့ ကောင်မလေးပဲ။ ကျွန်တော့်ကောင်မလေးမဟုတ်သလို သူများကောင်မလေးလည်း မဟုတ်ဘူး။”

“ဟမ်…”

“ကျွန်တော် သူ့ကို လိုက်နေတုန်းပဲရှိသေးတယ်။ မနက်ဖြန် သူ့ကို ချစ်ခွင့်ပန်မလို့လေ။ ရှက်တော့ရှက်စရာကောင်းတယ်။ သုံးကြိမ်မြောက်လေ…”

“ကိုယ်ကြိုက်တဲ့သူကို ချစ်ခွင့်ပန်တာ ရှက်စရာမဟုတ်သလို အငြင်းခံရတာလည်း ရှက်စရာမှ မဟုတ်တာ။ သူချစ်သူမထားသေးသရွေ့ ကိုယ့်မှာ ချစ်ခွင့်ပန်ခွင့်ရှိတယ်။ တကယ်ချစ်တယ်မလား။ လက်မလျှော့နဲ့ပေါ့။”

“ဟုတ်ကဲ့ သူဌေး…”

သူများအချစ်ရေးတွင် ဆရာလုပ်ပြီး ကိုယ့်အချစ်ရေးကိုတော့ အခုထက်ထိ အဆင်ပြေအောင် မလုပ်နိုင်သေး။ ငြင်းခံရတာ သုံးကြိမ်က ရှက်စရာဆိုရင် ငါးကြိမ်က တော်တော်လေးရှက်စရာကောင်းသွားပြီပဲ။

ကိုယ့်အတွေးနဲ့ကိုယ် ရယ်မောနေစဉ် အသံမြည်လာသော ဖုန်းသံကြောင့် ကြည့်လိုက်တော့ နိုင်ငံခြားဖုန်းနံပါတ်…

“အေး… ပြော လင်း… ဘာလဲ။ ပြန်လာတော့မှာလား?”

“ဟေ့ကောင် လာမနောက်နဲ့နော်။ မ မြန်မာပြည်ပြန်သွားတာတောင် ငါက ဘွဲ့ယူဖို့အတွက် စောင့်နေရလို့ ကျန်ခဲ့ရတယ် မင်းသိပြီးသား။”

“ခဏ ပြန်လာလို့ ရတယ်လေကွာ။”

“မဆီက လက်ထပ်ခွင့်တောင်းထားတယ်ကွ။ သူက ဘွဲ့ယူပြီးမှ အဖြေပြန်ပေးမယ်တဲ့။ နေခဲ့တဲ့…”

I want to your dream catcherDonde viven las historias. Descúbrelo ahora