Part 8

67 13 0
                                    

Unicode

သိချင်နေသော အကြောင်းအရာကို ပြောပြပြီးနောက် မည်သည့်စကားမှ ပြန်မပြောဘဲ တစ်စုံတစ်ခုကို တွေးနေသူအား အံဩမိ၏။ တဖန် ခပ်တည်တည်နှင့် အပြတ်ငြင်းကာ ကျေးဇူးတင်စကားဆိုနေပြန်သည်။

“ကျေးဇူးတင်ပါတယ် အစ်ကိုနိုင်ရဲ… ဒါဆို ကျွန်တော် ပြန်တော့မယ်။ ဪ… ဒါနဲ့ အစ်ကိုနိုင်ရဲနဲ့ သွေး ဘာတွေ ဖြစ်ထားတာလဲ။”

ပြန်မည်ဆိုသောကြောင့် ခေါင်းညိတ်မိတုန်း နောက်ဆက်တွဲစကားကြောင့် ဖြန်းခနဲ မျက်နှာပူသွားရသည်။ ပြန်မမှတ်ချင်သော ညတစ်ညအကြောင်းသည်လည်း အတွေးထဲ ဝင်လာပြန်သည်။

“ဘာမှမဖြစ်ပါဘူး။ သွေးက ဘာပြောထားလို့လဲ။”

ပုခုံးနှစ်ဖက်ကို ပင့်ကာ လှည့်ထွက်သွားသော သူကြောင့် စိတ်အလိုမကျဖြစ်သွားရ၏။ အတွေးထဲ ဝင်လာသည်က သွေးအပေါ်ထားသော လက်ရှိခံစားချက်နှင့် အချစ်ဦးအတွက် ကျန်ရှိနေသောခံစားချက်…

အပြုံးချိုချိုလေးနဲ့ အချစ်အကြောင်းတွေ ပြောကာ ရင်ခုန်အောင် လုပ်နိုင်သော ကောင်လေး… စကားလုံးတွေနဲ့ နွေးထွေးမှုတွေပေးမယ့်အစား အပြုအမူလေးတွေနဲ့ တိတ်ဆိတ်စွာ နွေးထွေးအောင် လုပ်နိုင်သူ။ အမြဲလိုလို အရုဏ်ကိုပဲကြည့်လာတဲ့ကျွန်တော့်အတွက် ထိုအခြေအနေများက စိမ်းသက်လွန်းခဲ့၏။

“သွေး… မင်းဒီကို ဘယ်လိုလုပ်ရောက်နေတာလဲ?”

“စစ်… မင်းကရော… အစ်ကို့ဆီ ဘာလာလုပ်တာလဲ?”

ဧည့်ခန်းထဲက ထပြန်သွားသော စစ် ယခုမှ နိုးလာသော သွေးနှင် တန်းတိုးကာ မျက်နှာချင်းဆိုင် အပြန်အလှန် မေးခွန်းတွေ ထုတ်နေကြသည်။

“မာမီက သူ့မိသားစုတွေနဲ့ အလည်ပြန်လာတာ ငါ့ကွန်ဒိုမှာ နေ, နေလို့… အစ်ကို့အိမ်မှာ လာနေတာ တစ်ပတ်လောက်ရှိပြီ။”

“ငါက ကိုကိုအကြောင်း မေးစရာရှိလို့ လာတာ။”

“ဪ…”

“ငါ ပြန်တော့မယ် သွေး…”

“ဪ… အေး…”

သူတို့စကားကို ပြီးဆုံးအောင် နားထောင်ပြီးမှ ကိုယ်မေးချင်တာ မေးရတော့သည်။

I want to your dream catcherOpowieści tętniące życiem. Odkryj je teraz