Arc 2 အပိုင်း {၃၁} (Z+U)

7.4K 1.7K 219
                                    

ဖုတ်သရဲ ချစ်သူ အပိုင်း (၁၄)

UNICODE

ရှဲ့ချီ သေချာရှင်းပြသည်။ " ကိုကိုက ကျွန်တော့်ကို မကြည့်စေချင်ဘူးဆိုရင် ကျွန်တော်လည်း ကိုကို့ကို ကြည့်ခွင့်မပေးနိုင်ဘူး။ ဒါပေမယ့် တစ်ယောက်ကတော့ ကြည့်ရမယ်လေ။ အဲ့ဒီတော့ အကောင်းဆုံးနည်းက အတူတူကြည့်ကြမယ်လေ။အဲ့ဒါဆို ​ေကျသွားလိမ့်မယ်..."

ရှဲ့ရှင်းလန်၏ ခပ်ဩဩအသံက မယုံကြည်နိုင်မှုများ အပြည့်နှင့်ပင်။ "​ရှောင်ချီ မင်းက ဉာဏ်ကောင်းတဲ့...ငတုံးလေးလား။"

ရှဲ့ချီ ဆွံ့အသွားသည်။ ကြည့်ရတာ သူ နားကြားနည်းနည်းမှားသွားသည်ထင်။ ရှဲ့ရှင်းလန် ပြောချင်လိုက်တာက... ဉာဏ်ကောင်းရက်နဲ့ ဦးနှောက်မရှိဘူးလားလို့လား။

ရှဲ့ရှင်းလန် ဒေါသထွက်စွာရယ်လိုက်သည်။ " ဒီတစ်ခါကျ လော့ဂျစ်တွေနဲ့ ထုတ်ပြောနေတယ်ပေါ့။ မင်းသဘောက ကိုယ်ဖောက်ပြန်ရင် မင်းလည်းလိုက်ဖောက်ပြန်မယ်။ အဲ့လိုဆို ကိစ္စမရှိတော့ဘူးပေါ့။ အဲ့လိုလား။ မင်းက ငတုံးလား။"

"မဟုတ်ဘူး။မဟုတ်ဘူးလေ။ အဲ့လိုပြောတာမဟုတ်ဘူး။" ရှဲ့ချီ တွေးကြည့်လိုက်ပြီးမှ ရှက်လွန်း၍ မျက်နှာနီသွားရသည်။ "ကိုကိုရယ် ကျွန်တော်မှားပါတယ်။ စိတ်မဆိုးနဲ့တော့နော်။"

ရှဲ့ချီသည် သူ့ကိုချော့နေရင်း စိတ်ထဲကြိတ်တွေးနေလိုက်သည်။ 'ငါလည်း အသက်နှစ်ဆယ်ကျော်နေပြီ။ မိန်းကလေးတွေကိုမြင်လို့ ရှက်စရာဘာမှမရှိဘူး။ ရှဲ့ရှင်းလန်သာ ဒီမှာမရှိရင် သူတို့နဲ့ အေးဆေးကစားလို့ရတယ်။ ထင်တဲ့အတိုင်းပဲ။ ကိုယ့်ကောင်လေးနဲ့အတူ မစ်ရှင်လုပ်ရတဲ့ ဆိုးကျိုးပဲ။ ဖြူစင်သလိုနေပြနေရတယ်။'

ရှဲ့ရှင်းလန် ဆူလိုက်ပြီး သူ့အသံက နည်းနည်းနှေးနေသည်။ "ပြန်ဝင်ပြီး မျက်လုံးမှိတ်ထားတော့။"

ခဏရပ်သွားပြီးမှ ထပ်ပြောသည်။ "ချောင်းလည်း မကြည့်ရဘူး။"

ရှဲ့ချီ သတိထားတွေးနေသည်များ အဖျက်ခံလိုက်ရပြီး ကိုယ့်အပြစ်နှင့်ကိုယ် ပြန်ဝင်သွားရှာသည်။ သူ့ခန္ဓာကိုယ်၏ ထိန်းချုပ်မှုကို ရှဲ့ရှင်းလန်ထံပေးလိုက်သည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now