Arc 4 အပိုင်း {၉၁} (Z+U)

6.4K 1.5K 131
                                    

၁၅၅၂ သရဲခြောက်သောအိမ်ကြီး (၂၃)

UNICODE

ရှဲ့ရှင်းလန်က ပကွားကိုကိုင်ထားသည်။ လုဝမ် ထိုပကွားကို မြင်လိုက်ပြီး သူ၏မျက်လုံးများက အလွန်အမင်း အံ့ဩသွားပြီးနောက် ဝမ်းသာမှုသို့ ပြောင်းသွားသည်။

လောကကြီးရဲ့ ဥပဒေသတွေ။ ဓာတ်ကြီးငါးပါး၊ ပကွား၊ ငှားရမ်းတဲ့အတတ်။ ရှဲ့ချီသည် ထိုအိုင်တမ်ကို ဖုတ်သရဲ ချစ်သူဆီမှ ရခဲ့လေသည်။

ပကွားပေါ်ရှိ ဘုကလေးများသည် စုပ်ယူမှုအားအကြီးကြီးပြနေပြီး အချိုင့်များတစ်ခုပြီးတစ်ခုထဲသို့ သွေးများစီးဝင်နေသည်။ မျက်စိတစ်မှိတ်တွင် အရောင်လေးခု ဆုံဆည်းလာလေသည်။

အလင်းနီမှာ စိုးမိုးလွန်းပြီး အလင်းပြာက အားလုံးကို လွှမ်းခြုံစေကာ အလင်းစိမ်းက တောက်ပနေပြီး အလင်းဖြူက တားမြစ်၍မရနိုင်ပေ။ ခဏတာ ထိပ်တိုက်တွေ့နေကြပြီးနောက် မလုပ်ချင်လုပ်ချင်နှင့် အလုံးတစ်လုံးအဖြစ်ရောသွားကြသည်။ ပကွားထဲမှ ပေါက်ကွဲထွက်လာကြပြီး ကမ္ဘာကြီး ခဏတာ ပြောင်းလဲသွားကာ အားလုံး တိတ်ဆိတ်သွားလေတော့သည်။

ကျောက်ကျင်ဟွာ အံ့ဩသွားသည်။ သူမ၏ တုတ်တံကို သုံးပြီး ကာလိုက်သော်ငြား အရမ်းနောက်ကျသွားပြီဖြစ်သည်။ သူမတို့ အရမ်းကပ်နေကြသည်။

"အား—!”

အဖြူရောင်အလင်းထဲတွင် ကျောက်ကျင်ဟွာနှင့် ယိုကျင် လွင့်ထွက်သွားသည်ကို အားလုံးတွေ့လိုက်ကြလေသည်။ ထိုအချိန်တွင် အချိန်တွေအားလုံး ရပ်တန့်သွားသည့်အလားပင်။

ရှယောင် အသက်အောင့်ထားရင်း မျက်လုံးများပြူးကျယ်ကာ ဖြစ်ပျက်သွားသည်ကို မယုံနိုင်ခဲ့ပေ။ ရှဲ့ချီက... ကျောက်ကျင်ဟွာကို လွင့်သွားအောင်လုပ်ပစ်နိုင်လိုက်တာလား။

ယွမ့်ဇျဲမှာ သစ်သားရုပ်တုအလား တောင့်နေသည်။

[ဘာလားဟ]

[ရှဲ့ချီက ကျောက်ကျင်ဟွာကို အကွက်ချနေခဲ့တာပဲ။]

ယိုကျင်၏ ပြတ်ထွက်သွားသော ခြေလက်များမှာ လေထဲ အညီအညာအပြိုင်လွင့်ထွက်သွားသည်။ လေထဲမှ သွေးများစွာ လွင့်စင်လာခဲ့ပြီး ​ကြမ်းပေါ်ရှိ လူများမှာ သွေးများနှင့် စိုရွှဲသွားကြသည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Dove le storie prendono vita. Scoprilo ora