Arc 3 အပိုင်း {၆၁} (Z+U)

7.1K 1.6K 208
                                    

ခြောက်ခြားဖွယ်ရာ အစုံအလင် (၁၆)

UNICODE

"ကိုကို ဘော့စ်က ကြားနေမဟုတ်ဘူး။ သူက သရဲကို ကူညီနေတာ မဟုတ်ရင်...သူကိုယ်တိုင်က သရဲပဲ ​ဖြစ်ရမယ်။" ရှဲဲ့ချီ စိတ်ထဲ လေးပင်သွားသည်။

ဘော့စ်က တိုက်ရိုက်ထုတ်လွှင့်နေသည့်အချိန်တွင် ဖက်တီး၏ နေရာကို မေးခဲ့သည်။ ဖက်တီးက ပြောပြလိုက်သည်နှင့် သရဲက ချက်ချင်းပင် နေရာပြောင်းသွားသည်။ ရှဲ့ချီသည် အရင်တစ်ခါက ဖက်တီးခေါင်းဆောင့်မိသည့်အသံကို ကြားလိုက်ရသောကြောင့် ခန့်မှန်းခြေနေရာကိုတော့ သိလေသည်။ လက်ရှိတွင် သရဲသည် သေချာပေါက် ဖက်တီး၏ နေရာသို့ သွားနေခြင်းပင်။

တိုက်ဆိုင်တာပဲလားဟု ရှဲ့ချီတွေးမိသော်လည်း သရဲမ၏ ​ခြေသံများမှာ သူမ၏ စိတ်အခြေအနေကို ပြနေသည်။ သရဲမ၏ အရင်က ခြေသံများမှာ ညင်သာပြီး တုံ့ဆိုင်းသည်။ သားကောင် မလန့်သွားစေရန်အတွက် သူမ၏ တည်ရှိမှုကို တတ်နိုင်သမျှ မသိစေရန်ကြိုးစားလေသည်။ သူမ တုံ့ဆိုင်းနေရခြင်းမှာ သူတို့ရှိနေသည့်နေရာကို မသေချာ၍ ထပ်ခါထပ်ခါ လေ့လာပြီး စစ်ဆေးနေခြင်းကြောင့်ဖြစ်သည်။

ယခုမူ သရဲမ၏ ခြေလှမ်းများမှာ အလျင်လိုနေပြီး ရပ်တန့်မှုကို မရှိ။ ဖက်တီး ထိုနေရာတွင် ရှိနေသည်ကို သေချာသည့်အတိုင်းပင်။ ထို့အပြင် ဖက်တီးပြောပြလိုက်သည်က အတော်ကို ရှင်းသည်။ နံရံများကို ဖြတ်၍ မသွားနိုင်သော်လည်း ဝင်္ကပါမြေပုံနှင့် ရင်းနှီးနေပြီးသားဖြစ်လိမ့်မည်။ သူလမ်းဆုံနှင့်တွေ့တိုင်း ဖက်တီးက ဘယ်ဖက်ကိုသွားသည်။ အလွန်ကိုလွယ်ပြီး သူ့ကို ရှာတွေ့ရန် အချိန်တစ်ခုသာလိုလေသည်။

ပြန်တွေးကြည့်သောအခါ ဘော့စ်သည် သူတို့နေရာကို တိုက်ရိုက်ထုတ်လွှင့်ရာမှ သိနိုင်ရန်အတွက် ဖက်တီးကို စခရင်န်ခွဲတစ်ခုဖွင့်ခိုင်းလိုက်သည်။ ထိုဂျင်းက အလုပ်မဖြစ်သည်ကိုတွေ့သောအခါ ကောမန့်ထဲတွင် ဖက်တီးပြောပြလာရန် လှည့်စားလိုက်တော့သည်။

ရှဲ့ချီ တည်ငြိမ်အောင်နေလိုက်သည်။ ဘော့စ်က သူတို့နှင့် တူတူပုန်းတမ်းကစားနေသော သရဲမဖြစ်နေရင်လည်း ကိစ္စမရှိပေ။ အရေးအကြီးဆုံးက တိုက်ရိုက်ထုတ်လွှင့်ရာအခန်းသည် ပြဿနာရှိနေပြီး ကင်မရာက သူတို့ရှိနေသည့်နေရာကို ပြသလိမ့်မည်ဖြစ်သည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Dove le storie prendono vita. Scoprilo ora