Arc 6 အပိုင်း {၁၂၂} (Z+U)

7.1K 1.3K 123
                                    

ဆေးရုံ (၃)

UNICODE

ယဲ့ရှောင့်ရှောင့်၏ သင်ကြားရေးမှာ စည်းကမ်းကြီးပြီး သူမ ကလေးဘဝကတည်းက သူမ၏ ခန္ဓာကိုယ်ကို သတိနှင့် ထိန်းချုပ်ထားသည်။ သူမတွင် အရင်က ချောမွေ့ပြားချပ်နေသော ဗိုက်သားရှိသောလည်း ယခုမူ ပျော့အိအိနှင့် နည်းနည်းတွဲကျချင်နေသည်။ သေချာပေါက် သူမ ကလေးမွေးထားခြင်းပင်။

စက္ကန့်အနည်းငယ်ကြာသွားပြီးနောက် ယဲ့ရှောင့်ရှောင့် စိတ်ငြိမ်သွားသည်။

'ကလေးရသည့်' ဖြစ်စဥ်မှာ ဇာတ်ရုပ်မှ ဖြစ်သည်။ တစ်နည်းအားဖြင့် ဇာတ်ကားထဲတွင် သူမသရုပ်ဆောင်နေသော ဇာတ်ကောင်က ကလေးမွေးခြင်းဖြစ်သည်။ အရင်ကတည်းက App သည် ဇာတ်ကားဇာတ်ရုပ်များ၏ အရေးပါမှုကို အလေးပေးပြီး ယခု သဲလွန်စတချို့ပင် ရှိနေပြီဖြစ်သည်။

ယဲ့လန်ကို ရှုပ်ထွေးနေသည့်မျက်လုံးများဖြင့် သူမ လှည့်ကြည့်လိုက်သည်။ ယဲ့လန်သည် လွန်ခဲ့သောနှစ်အနည်းငယ်က သူမကိုယ်တိုင်ပင် ဖြစ်လိမ့်မည်။ မှတ်ဉာဏ်သာဆိုပါက သူမ အံ့ဩမိလိမ့်မည်မဟုတ်ပေ။ သို့သော် သူမရှေ့ကလူသည် သေချာပေါက်... သက်ရှိလူတစ်ယောက်ဖြစ်သည်။ လွန်ခဲ့သောနှစ်များစွာက လနှစ်စင်းထွက်သည့် ညတွင်ပင် သူမ ကားအက်စီးဒင့်ဖြစ်ခဲ့သည်။ ကံအကြောင်းတိုက်ဆိုက်ပြီး နှစ်ပေါင်းများစွာကြာသောအခါ အနာဂတ်က သူမနှင့် တစ်ကားတည်းစီးမိနေသည်။

ယဲ့ရှောင့်ရှောင့် နည်းနည်း ထိတ်လန့်သွားရသည်။ ကားပြတင်းမှတစ်ဆင့် ကောင်းကင်ကို ကြည့်လိုက်ပြီး လနှစ်စင်းကို တွေ့လိုက်ရသည်။ ခဏကြာအောင် စဥ်းစားကြည့်လိုက်ပြီးမှ သူမ၏ မျက်လုံးများ တောက်ပလာသည်။

ဧကန္တ လနှစ်စင်းကြောင့်ဖြစ်လာတဲ့ သံလိုက်စက်ကွင်း လွဲချော်မှုတွေကြောင့် မူလ ဖြောင့်တန်းနေတဲ့ အချိန်စီးကြောင်းပြိုလဲသွားတာများလား။ ယဲ့လန်ကို တွေ့လိုက်ရသော အချိန်နှင့်နေရာက အချိန်စီးကြောင်း သွားထပ်တဲ့ စုံမှတ်နေရာဖြစ်နေတာများလား။ အဲ့ဒီလိုသာဆိုရင် ကျန်တဲ့ သရုပ်ဆောင်တွေကရော။ ဒီကမ္ဘာမှာ နောက်ထပ် ယဲ့ရှောင့်ရှောင့်ရှိနေတယ်ဆိုရင် ဒုတိယ ခယ်ရှောင်နဲ့ ဒုတိယ ရှဲ့ချီရော ရှိနေမှာလား။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now