Arc 2 အပိုင်း {၄၁} (Z+U)

7.4K 1.6K 276
                                    

              ဖုတ်သရဲ ချစ်သူ အပိုင်း (၂၄)

UNICODE

ကြေးနီပကွားက မီးနှင့်တွေ့သောအခါ ချက်ချင်းပင် အလွန်ပူလောင်လာသည်။ သို့သော် တောက်ဆရာလျန်ရှီမှာ သတိပင်မထားမိဘဲ ကြောင်အစွာ ဆက်ကိုင်ထားမိသည်။ သူ အမြင်မှားနေသည်ထင်ပြီး ထပ်ခါထပ်ခါမျက်တောင်ခတ်ကြည့်သည်။ ထို့နောက် အကြိမ်များစွာ အတည်ပြုပြီးသောအခါ တံတွေးသာအကြိမ်ကြိမ် မျိုချမိတော့သည်။

"ဒါ..ဒါက မီး...လား။" တောက်ဆရာလျန်ရှီ သူ့ကိုယ်သူ ဆွဲဆိတ်ကြည့်သောအခါ နာကျင်သွားရသည်။ ထို့နောက် အိပ်မက် မဟုတ်မှန်း သေချာသွားတော့သည်။ မီးနှင့်ရေမှာ အမှန်တကယ်ပင် မလျော်ညီသော်လည်း သူ့ မျက်စိရှေ့တည့်တည့်တွင် အံ့ဖွယ်ရာဖြစ်နေသည်။

[ဝက်သားဖတ် သူက ဘယ်လိုလုပ် ငှားလို့ရသွားတာလဲ။]

[ရုပ်လွန်ပညာရပ်ပဲ တစ်ခုခုမှားနေတာလား။]

[မီးနဲ့ရေက မကိုက်ည်ီဘူးမလား။]

[နေဦး သူတစ်ယောက်တည်းနဲ့ ဓာတ်သုံးခုကို ငှားလိုက်တာလား။ တစ်ယောက်တည်းနဲ့ သုံးခုလေ။]

[ဘာတွေဖြစ်ကုန်တာလဲ။]

"မှတ်တမ်းတွေကပဲ မှားပြီး မီးနဲ့ရေက အတူရှိလို့ရတာလား။ ဒါက..." တောက်ဆရာလျန်ရှီ လုံးဝနားမလည်နိုင်ဖြစ်ကာ ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိပြီး ခေါင်းကိုမော့လိုက်သည်။

သူ့ရှေ့ရှိ လူငယ်လေးသည် မျက်နှာက အတူတူပင်ဖြစ်သော်ငြား သေချာကြည့်ကြည့်ပါက အရင်နှင့်မတူသည်ကို တွေ့ရနိုင်သည်။ မျက်လုံး၊ အကျင့်စရိုက်နှင့် အမူရာများက နည်းနည်း ကွဲပြားနေသည်။ တောက်ဆရာလျန်ရှီ မျက်လုံးပြူးကျယ်ကာ ကြည့်လိုက်မိသည်။

ဒီလူ့ထံတွင် ဝိညာဥ်နှစ်ခုရှိသည်ကို သူ ဘယ်လိုများ မေ့သွားခဲ့ရတာလဲ။ သူ့ဆရာက​တော့ မှားနိုင်စရာမရှိသောကြောင့် ဖြစ်နိုင်ခြေတစ်ခုတည်းသာ ရှိသည်။ ရှဲ့ချီတွင် ဝိညာဥ်နှစ်ခုရှိသည်။ တစ်ခုက ရေဖြစ်ပြီး တစ်ခုက မီးဖြစ်သည်။ ဒါဆိုရင် သီအိုရီအရတော့ အဓိပ္ပါယ်ရှိသွားပြီဖြစ်သည်။ သို့သော် တစ်ယောက်က ရေ၊ တစ်ယောက်က မီးဖြစ်နေပြီး နှစ်ယောက်လုံး ဓာတ်နှစ်ခုက အသိမှတ်ပြုတာကို ခံလိုက်ရကြသည်။ ဒီ​ဖြစ်နိုင်​ခြေကြီးက အရမ်းထူးကဲလွန်းမနေဘူးလား။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now