Arc 4 အပိုင်း {၉၂} (Z+U)

6.6K 1.6K 128
                                    

၁၅၅၂ သရဲခြောက်သောအိမ်ကြီး (၂၄)

UNICODE

ရှဲ့ရှင်းလန် လှေကားဆီပြေးသွားပြီး အောက်ထပ်သို့ ဆင်းတော့မည့်အချိန်တွင် အမှောင်ထဲမှ မြွေသံလို ကျောချမ်းဖွယ်ရာအသံကြီး ကြားလိုက်ရသည်။ လှေကားပေါ်တွင် ဆံပင်အနက်ရောင် အပြုံလိုက်ကြီးသည် လှုပ်ရွကာ တုန်ခါနေသည်။ ရှဲ့ရှင်းလန် ဓားမြှောင်ကို ဆုပ်ကိုင်ထားရင်း နောက်ဆုတ်လိုက်သည်။ ဆံပင်တွေက တုန်ခါလာပြီး ခွဲထွက်သွားကာ ပြူးထွက်ကာ နောက်ကျိနေသော မျက်လုံးအစုံနှင့် ရှဲ့ရှင်းလန် မျက်နှာချင်းဆိုင်လိုက်ရသည်။

အကြီးမပဲ။ အကြီးမ ထွက်လာပြီ။

လှေကားပေါ်ရှိ သရဲမက ရုတ်ချည်း ပါးစပ်ကိုဟလိုက်ပြီး ရှဲ့ရှင်းလန်ကို ကိုက်လိုက်သည်။ အလျင်က မြန်လွန်းသဖြင့် ရှဲ့ရှင်းလန်မှာ ဓားနှင့် ကာချိန်သာရလိုက်သည်။ သရဲမသည် ရှဲ့ရှင်းလန်၏ ဓားကို အားနှင့်ကိုက်ချလိုက်သည်။ ရှဲ့ရှင်းလန်၏ လက်တစ်ခုလုံးထုံကျင်သွားကာ အလင်းမှိန်မှိန်မှတစ်ဆင့် အကြီးမ၏ သွားကို သေချာမြင်လိုက်ရလေသည်။

အကြီးမ၏ သွားမှာ အရင်ကကဲ့သို့ လှပပြီး သေးသေးလေးမဟုတ်တော့။ နှစ်ဆ၊သုံးဆလောက်ပိုကြီးနေပြီး ပုံစံမှာ ဆူးချွန်အလားပင်။ အကြီးမ၏ ပါးစပ်ထဲတွင် ပိုင်နက်အတွက် တိုက်ခိုက်နေကြပြီး ပါးစပ်ထဲတွင် ဒူးရင်းသီး၏ အဆူးချွန်တွေအလား ပြည့်နေလေသည်။

ရှဲ့ရှင်းလန် ဓားကိုဆွဲထုတ်လိုက်သော်လည်း မရပေ။ အကြီးမက ထူးဆန်းသည့်အပြုံးကြီးပေးလာပြီး ဓားသွားထိပ်ကို ဝါးစားပစ်လာသည်။ မကောင်းဆိုးဝါးဝိညာဥ်ဓားသွားမှာ အကြီးမစားသည်ကို ခံလိုက်ရပြီး အက်ကြောင်းပေါ်လာသည်။ သူမ၏ သွားက သံထည်ကို ဝါးဖျက်ပစ်နိုင်သည်။

ဓားထဲရှိ မကောင်းဆိုးဝါးဝိညာဥ်မှာ အော်ဟစ်လိုက်သည်။ အသံမှာ ထိုင်းမှိုင်းလှသည်။ လူတို့၏ ဦးနှောက်ကို နာစေပြီး နားစည်ကို တုန်ခါစေ​လေသည်။ မကောင်းဆိုးဝါးဝိညာဥ်နှင့် ဓားမှာ တစ်ခုတည်းဖြစ်သည်။ ဓားသွားက မကောင်းဆိုးဝါးဝိညာဥ်၏ ကိုယ်ခန္ဓာဖြစ်သောကြောင့် မကောင်းဆိုးဝါးဓားသွားကို စားလိုက်ခြင်းမှာ မကောင်းဆိုးဝါးဝိညာဥ်ကို စားနေသည်နှင့် အတူတူပင်ဖြစ်သည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now