အပိုင်း {၁၅၀} (Z+U)

7.1K 1.1K 341
                                    

တားရော့

UNICODE

နောက်ဆက်တွဲကဖြင့် အသိသာကြီးပင်။

ရှန်ယိ၏ အစ်ကိုသည် နတ်ဘုရားတစ်ပိုင်းမျိုးရိုးဗီဇများနှင့် မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲခြင်းနည်းပညာတို့၏ ရင်းမြစ်နောက်သို့ လိုက်ကာ App ဆီသို့ ဝင်ရောက်ရန်နည်းလမ်းကို တွေ့သွားခဲ့သည်။ သူကိုယ်တိုင်ပဲ ဝင်သွားခဲ့နိုင်သကဲ့သို့ အကြွင်းမဲ့ သစ္စာရှိမည့်နောက်လိုက်များအဖွဲ့တစ်ခုကို ကြိုးစားဖွဲ့စည်းပြီး သူနှင့်အတူခေါ်သွားခဲ့နိုင်သည်။ ထိုစဥ်တွင် ရှန်ယိက လျန်ရှီ၏ နောက်ဆုံးဆန္ဒကို လိုက်နာခဲ့သည်။ လျန်ရှီ ချန်ထားရစ်ခဲ့သည့် App ၏ မိုဘိုင်းတာမီနယ်ကို ယူကာ App ကို တစ်ခါတည်း ဝင်ရောက်ခဲ့သည်။

ရှန်ယိ၏ မူလမျိုးရိုးနာမည်မှာ လျန် ဖြစ်သည်။ သူ၏ တက်သစ်စကာလအတွင်းတွင် App ထဲရှိ Pet ဖြစ်နိုင်ခြေရှိသူများက အညွန့်ချိုးရန်ကြံမည်စိုးသဖြင့် သူ၏မျက်နှာနှင့် မျိုးရိုးနာမည်ကို ပြောင်းကာ ရှန်ယိဖြစ်လာခဲ့သည်။

သူ၏ အစ်ကိုဖြစ်သူမှာ App ထဲတွင် ရှိသည်ကို ရှန်ယိသိသော်လည်း သူသည်လည်း နာမည်နှင့် ရုပ်ရည်ကိုပြောင်းလဲကာ နောက်ကွယ်မှသာ သွားလာနေလေသည်။

App ထဲတွင် Pet များစွာ ရှိသည်ကို ရှန်ယိသိသော်လည်း အချိန်အများစုတွင် သူတို့ကိုယ်တိုင်က ထုတ်မပြလာပါက မည်သူက Pet ဟု သူမပြောနိုင်ပေ။ အကြောင်းမှာ Pet များသည် အလွန်လျှို့ဝှက်ကြသောကြောင့်ပင်။ ပေါ်သွားသည်နှင့် သူတို့ကိုယ်သူတို့ သတ်သေ(သို့)ဖောက်ခွဲပစ်လိုက်ကြသည်။ ပါးစပ်များအတော်လုံကြသောကြောင့် App ထဲရှိ အဖွဲ့အစည်းအတွင်းထဲထိ သူမတူးနိုင်ခဲ့ပေ။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း အမှတ်များစွာကို သူစုဆောင်းနိုင်ခဲ့သော်လည်း App ထဲရှိ Pet များအကြောင်း သူဘာမှမသိပေ။

စာထဲတွင် သူ၏ အစ်ကိုက သူ့ထက်စောပြီး App ထဲသို့ ဝင်ခဲ့ကြောင်း ရှန်ယိကပြောခဲ့သည်။ အမှတ်ပိုနည်းနေလျှင်တောင်မှ သိပ်တော့ကွာဟနေမည်မဟုတ်ပေ။ သူ၏ ခေါင်းစီးကို ဆိုင်းငံ့ထားပြီး လူတိုင်း၏ မျက်လုံးနှင့် နားများကိုရှောင်ရှားကာ လျှို့ဝှက်စွာ ကြီးပွားလာစေရန်အတွက် အောက်အဆင့်များတွင်သာ နေနိုင်ရန် ဆန္ဒပြုထားခြင်းဖြစ်လိမ့်မည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Tempat cerita menjadi hidup. Temukan sekarang