တားရော့ ဂိမ်း (၂) ပထမပိုင်း
UNICODE
ဇာတ်ကားစတော့မည်ဖြစ်ပြီး လက်မှတ်များဝယ်ထားကြသောသရဲများမှာ နေရာတွင်ထိုင်ပြီးကြပြီဖြစ်သည်။ တချို့သရဲများမှာ လက်မှတ်များကိုင်ထားရင်း ဝင်လာနေကြဆဲဖြစ်ပြီး လူများလှသည့်ရုပ်ရှင်ရုံကိုတွေ့သောအခါ လန့်သွားကြသည်။ ပါဝင်သည့်သရုပ်ဆောင်များ အံ့ဩစရာကောင်းလောက်အောင် သန်မာနေကြသည်မဟုတ်ပါက လက်မှတ်များမှာ အလွန်စျေးကြီးပြီး တတ်နိုင်သည့်သရဲများ နည်းပါးသောကြောင့် များသောအားဖြင့် ရုပ်ရှင်ရုံမှာ အပြည့်မရှိတတ်ပေ။
သို့သော် ဒီတစ်ကြိမ်တွင်တော့ App သည် ခြွင်းချက်ထားကာ လက်မှတ်ကို စျေးတစ်ဝက်နှင့် ရောင်းခဲ့သည်။ ပိုပြီးရှက်စရာကောင်းသည်က ရုပ်ရှင်ရုံထောင့်တစ်နေရာတွင် ပလတ်စတစ်ထိုင်ခုံများရောင်းနေသည့် သရဲများကိုပင် သူတို့တွေ တွေ့ခဲ့ကြသေးသည်။ သရုပ်ဆောင်များ နေရာတကျရှိနေပြီး အနီရောင်ဇာတ်ကားဖြစ်သော်ငြား ရုပ်ရှင်ရုံတွင်းတွင် ဆူညံလျက်ရှိလေသည်။
"ဇာတ်ကားဧကရာဇ်အသစ်က ဒီဇာတ်ကားမှာပါတယ်လို့ ကြားတယ်။"
"အာ အဲ့ဒါကြောင့် ဒီကိုလာတာလေ။ ဒင်္ဂါး ၂,၀၀၀ ကတော့ မတရားစျေးကြီးလွန်းပါတယ်။"
ကြည့်ရှုသူအများစုမှာ 'ဇာတ်ကားဧကရာဇ် အသစ်' ၏ ဇာတ်ကွက်များကို ကြည့်ရန် အပြေးလာကြခြင်းဖြစ်သည်။ App သည် ဇာတ်ကားသစ် တားရော့ဂိမ်းကို ပရိုမိုးရှင်းဆင်းစဥ်က အထူးတလည်ကို ထိုအချက်အား ဦးစားပေးဖော်ပြထားခြင်းဖြစ်သည်။ ရုပ်ရှင်ရုံများတွင် 'ဇာတ်ကားဧကရာဇ် ပြောင်းသွားပြီ။ ဇာတ်ကားဧကရာဇ် ဖြစ်လာကတည်းက ကျန်းရှော့၏ ပထမဆုံးဇာတ်ကား။ တားရော့စီးရီး 'တားရော့ဂိမ်း'မှ ဒီဇာတ်ကားကို ကြည့်ဖို့ သင့်ကို ကြိုဆိုလိုက်ပါတယ်'ဟု ရေးထားသော စာတန်းကြီးများပင် ရှိနေသေးသည်။
"ကျန်းရှော့မှာ နောက်ထပ် နာမည်တစ်ခုရှိလောက်တယ်။ ဘယ်နာမည်ကြီးလဲတော့ ငါမသိဘူး။ မဟုတ်ရင် ဇာတ်ကားဧကရာဇ် နေရာဆီ တန်းပြီးခုန်တက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။"
YOU ARE READING
ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]
HorrorMinervaLance အရင် acc က ဝင်မရလို့ အခု Acc အသစ်မှာ အဆက်ကို ဆက်တင်ပေးနေတာပါ။ ပထမအုပ်ကို My Works Reading List ထဲမှာ ရှာလို့ရပါတယ်။ ဟုတ်ကဲ့... အရင်က Minerva ပါပဲ \(><)/