ဆေးရုံ (၂)
UNICODE
ရုပ်ရှင်ရုံထဲတွင် သရဲများသည် သူတို့၏ လက်မှတ်များနှင့် နေရာယူလိုက်ကြပြီး သရုပ်ဆောင်များ ဇာတ်ကားစကြတော့မည်ကို စောင့်နေကြသည်။
အရည်အသွေးအမြင့်ဆုံး ဇာတ်ကားများ လိုင်းပေါ် ရောက်လာကြသည့်အခါတိုင်း ရုပ်ရှင်ရုံသည် ပြည့်နေတတ်သည်။ ငွေပမာဏအတူတူနှင့် တူညီသော လိမ္မော်ရောင်ဇာတ်ကားပင် ဖြစ်သော်ငြား ပရိသတ်များမှာ လိမ္မော်ရောင်အဆင့်သို့ ရောက်ခါစ ဇာတ်ကားများတွင် လုံးဝမပါရှိနိုင်သည့် ပို၍အင်အားကြီးသော သရုပ်ဆောင်များနှင့် ပို၍ ဆန်းကြယ်လှပသော ဇာတ်လမ်းများကို ကြည့်ရလေသည်။
လူဦးရေ လေးထောင်၊ငါးထောင်လောက် ဆန့်သောရုပ်ရှင်ရုံထဲတွင် ဆူညံသံများနှင့်ပြည့်နေလေသည်။
"သရုပ်ဆောင်စာရင်းကို တွေ့ပြီးပြီလား။ ယိဟယ်စုန့် ပါတယ်တဲ့။ ပထမတန်းစားနော်။ ပေးရတာနဲ့ တန်ချက်ပဲ။"
"ဟုတ်ပါ့။ ဒုတိယနဲ့ တတိယတန်းစား နှစ်ယောက်လည်း ပါတယ်တဲ့။ ဒီဇာတ်ကားကတော့ မိုက်ပြီ။"
"ယိဟယ်စုန့် ထိပ်တန်းဆယ်ယောက်စာရင်းထဲ ၀င်သွားလောက်လား။"
"သူသာ ပိုပြီးကြိုးစားမယ်ဆိုရင် အစောကြီးကတည်းက ထိပ်တန်းစာရင်းထဲ ရောက်နေလောက်ပြီ။"
"ဟုတ်ပါ့။ သူ ဇာတ်ကားရိုက်တာနည်းလွန်းတယ်...ထိပ်တန်းဆယ်ယောက်ထဲ အကုန်လုံးက စံပြတွေချည်းပဲ။"
"ယွမ်ရယ် အားးးးးးး ချစ်တယ်လို့။"
"ယွမ်ရယ်က ဘာလို့ဒီကိုရောက်လာလဲ ငါနားမလည်ဘူး။ သူက ပထမနေရာပဲယူမယ်လို့ လေကြီးလေကျယ်တွေပြောထားတာမဟုတ်ဘူးလား။ ဒီဇာတ်ကားမှာ ယိဟယ်စုန့်ရှိနေတယ်လေ။ သူ ပထမရမှာလားတဲ့။"
"ကျစ်၊ သူ ပထမမရရင်တောင်မှ ငါတို့ရှောင်ရယ်က ထူးပြီးသား။ ပြောစမ်းပါဦး ရုပ်ရှင်ဧကရာဇ်ကလွဲပြီး ဘယ်သူကများ ဇာတ်ကားတိုင်းမှာ ပထမရဖူးလို့လဲ။"
"ဟီးဟီး။ တစ်ယောက်ရှိတယ်လေ။ ရှဲ့ချီ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ။ သူလည်း ဒီကားထဲပါတယ်။"
YOU ARE READING
ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]
HorrorMinervaLance အရင် acc က ဝင်မရလို့ အခု Acc အသစ်မှာ အဆက်ကို ဆက်တင်ပေးနေတာပါ။ ပထမအုပ်ကို My Works Reading List ထဲမှာ ရှာလို့ရပါတယ်။ ဟုတ်ကဲ့... အရင်က Minerva ပါပဲ \(><)/