Arc 2 အပိုင်း {၂၅}(U)

9.7K 1.6K 227
                                    

UNICODE

[ ဤတာဝန်အား လက်ခံ၊မခံသည် ကာယကံ
ရှင်ပေါ်တွင်သာမူတည်သည်။ ပထမဆုံး ပြီး
စီးသူအား ၅၀မှတ် ချီးမြှင့်မည်ဖြစ်ပြီး ဒုတိ ယအတွက် ၃၀ မှတ်၊ တတိယအတွက် ၁၀ မှတ်အစ ရှိသဖြင့်ဖြစ်သည်။ မပြီးဆုံးနိုင်
သည့်သူများဆီမှ အမှတ် ၃၀ နုတ်ယူမည်ဖြစ်
သည်။လက်ခံပြီးပါက ၅၀ ကီလိုမီတာအ တွင်းဖုတ်ကောင်များရှိသည့် တည်နေရာ သုံးခုကိုApp မှပြပေးမည်ဖြစ်သည်။ တာဝန်သည် တစ်ရက်နှင့် တစ်ညသာ အကျုံးဝင်ပါသည်]

[ဇာတ်ကြောင်း၏အဓိကဖြစ်သော ဖုတ်ကောင်
ကို ပစ်မှတ်အဖြစ်ရွေးချယ်၍မရနိုင်ကြောင်း
အရေးတကြီး မှတ်သားထားသင့်သည်။]

ဖုတ်ကောင်လက်စွဲတွင် ရေးသားထားသည်
က ဖုတ်ကောင်ကိုက်ခြင်းကို ခံရပြိီးနောက်
အဆိပ်မပြင်းပါက ကောက်ညှင်းဆန်ဆေး
ရေတွင်သာ ခန္ဓာကိုယ်ကို စိမ်ထားခြင်း၊
ဒဏ်ရာတွင် ကောက်ညှင်းဆန်ကို အုပ်ပေး
ခြင်းနှင့် လေ့ကျင်ခန်းလုပ်ပြီး သွေးလည်
ပတ်စီးဆင်းမှုကို ကောင်းစေခြင်းတို့လုပ်
လျှင် ပုံမှန်အားဖြင့် အလောင်းလူသားအ
ဖြစ်မှ သက်သာလာနိုင်ကြသည်။ အကယ်၍
အလောင်းကောင်အဆိပ်အတော်ပြင်းပါက
ဤလုပ်ရပ်များသည် ဖုတ်ကောင်ဖြစ်လာ
မည့် အရှိန်ကိုသာထိန်းထားနိုင်ပြီး မကုသ
နိုင်ပေ။ ထိုအချိန်တွင် ဖုတ်ကောင် သွားချေ
မှုန့်နှင့် သွေးကို လိုအပ်သည်။

ဖုတ်ကောင် သွားချေမှုန့်ဆိုသည်မှာ ဖုတ်
ကောင်၏ သွား မှရလာသည့် အမှုန့်ဖြစ်
သည်။

တာဝန်အကြောင်းကို ကြားလိုက်ကြသူများ
သည် အလိုအလျောက်ပင် ဝန်းခြံထဲရှိ
ကြေးထောင့်ကပ် ရွှေရောင်အခေါင်းကြီးကို လှမ်းကြည့်ကြကာ ထိုထဲရှိ ဖုတ်ကောင်၏
သွားကို သုံးကြရန် တွေးနေကြသည်မှာ
သိသာလှသည်။ သို့သော် App က ထိုအ
ကြောင်းနှင့်ပက်သက်၍အထူး အသိပေး
ထားသောကြောင့် ထိုအကြံကိုရပ်လိုက်ကြ
ရသည်။ အချင်းချင်း သတိကြီးနေကြဟန်
ဖြင့် လိုက်ကြည့်နေကြပြီး ဘယ်သူကမှ တာ
ဝန်ကို စ၍လက်မခံကြပေ။

ယန်ကျင်းက ပါးစပ်ဟလိုက်သည်။
"အကိုရှဲ့၊ အကို လက်ခံမှာ—”

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now