အပိုင်း {၁၄၉} (Z+U)

6.5K 1.2K 106
                                    

ကျန်းရှော့

UNICODE

တစ်ဦးတည်းသော ဇာတ်ကားဧကရာဇ်၏ ရုံးခန်းတွင် ပိုင်ရှင်အသစ်ရောက်လာသော်လည်း ပိုင်ရှင်ရှေ့တွင် ရပ်နေသူကတော့ အတူတူဖြစ်နေဆဲပင်။ ထိုသည်က ချောမောကာ စကားနည်းပြီး အရပ်ရှည်ရှည်နှင့် မားမားမတ်မတ်ရပ်နေသော ယောက်ျားတစ်ယောက် ဖြစ်လေသည်။ ထိုနေရာတွင် စကားတစ်ခွန်းမဆိုဘဲ ကျောက်ရုပ်တစ်ခုအလား တိတ်ဆိတ်စွာသာ ရပ်နေခဲ့သည်။

"ဘာလို့လဲ။ သူက မင်းကို မသတ်ဘဲ မင်းကြောင့် ဒဏ်ရာအကြီးကျယ် ရသွားတာမလို့ ရင်ထဲမခံစားနိုင်နေတာလား။ နောင်တရနေတာလား။ သူက သေပြီ။ ဖင်ယားမနေဘဲ အသုဘလုပ်ဖို့သာ ပြင်တော့။" ရှန်ယိ ထိုင်ခဲ့ဖူးသည့်နေရာတွင် ပျင်းရိစွာ လှဲမှီနေသောလူက ခေါင်းကို ငှဲ့ကာ ခနဲ့သည်။

မတ်တပ်ရပ်နေသူ၏ လည်ချောင်းမှာ အနည်းငယ် လှုပ်ရှားသွားသည်။ သူ၏ မျက်လုံးများမှာ တစ်ညလုံး မအိပ်ထားရသလို နီရဲနေလေသည်။ "သူက ငါ့ညီအစ်ကိုပဲလေ။"

ကျန်းရှော့မှာ ဟာသကြီးတစ်ခု ကြားလိုက်ရသလိုပင်။ ရုတ်တရက် မတ်မတ်ထိုင်လိုက်ပြီး တောက်လောင်နေသော မျက်လုံးများဖြင့် အရှေ့သို့တိုးလာသည်။ "မဟုတ်ဘူး။ Pet ကမှ မင်းရဲ့ ညီအစ်ကိုပဲ။"

"မင်းမှ သူနဲ့အတူ မသေချင်တာလေ။ ဒါပေမဲ့ သူ့အဆုံးသတ်က ဒီလိုဖြစ်မယ်ဆိုတာ ဟိုးအရင်ကထဲက မင်းသိထားပြီးသားမလား။"

လီဟောက် ခဏလောက် တိတ်သွားသည်။ ကျန်းရှော့ ပြောတာ မှန်သည်။ တကယ်လည်း သူသည် ဒီနေရာမှာ စိတ်လွတ်သင့်သည့်သူ မဟုတ်ပေ။ သူက မထိုက်တန်ဆုံးလူဖြစ်လေသည်။

"ငါက Pet ဆိုတာ ရှန်ယိ အမြဲတမ်း သိနေခဲ့တာပဲ။" လီဟောက် မျက်လုံးမှိတ်ချကာ ခက်ခဲစွာ ပြောသည်။

ရှန်ယိမသိဘူးဟု ထင်တာ ရှန်ယိဘေးတွင် သူနေခဲ့သည်။ သို့သော် နောက်ဆုံးဖမ်းပွဲတွင် လ်ီဟောက်ကို မြင်သည့်အခါ ရှန်ယိမှာ နည်းနည်းလေးမှ အံ့ဩသည့်ပုံ မပြခဲ့ပေ။ သူ့မျက်လုံးထဲရှိ ခံစားချက်များမှာ စိတ်ပျက်မှုနှင့် အထင်သေးမှုသာပင်။

ကျန်းရှော့ လှောင်လိုက်သည်။ "ငါသိသားပဲ။"

လီဟောက်က အလန့်တကြား မော့​​ကြည့်ကာ သူ့သွေးများလည်း အေးစက်သွားသည်။ သူပေါ်သွားပြီမှန်း ကျန်းရှော့သိခဲ့သော်လည်း ရှန်ယိနှင့်သာ အတူရှိနေစေခဲ့လေသည်။ သူ၏ သခင်၊ အဖွဲ့အစည်း၏ ခေါင်းဆောင်မှာ သူ့ကို လူလိုကို မသတ်မှတ်ထားပေ။ တကယ်လို့ ရှန်ယိသာ သဘောထားကြီးသည့်သူမဟုတ်ခဲ့ပါက လီဟောက်ကို တစ်ခါတည်း သတ်ပစ်လို့ရလေသည်...

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now