Arc 7 အပိုင်း {၁၆၇} (Z+U)

4.6K 998 34
                                    

UNICODE

တားရော့ ဂိမ်း (၁၇)

        အခန်းမှာ ပြတင်းတစ်ပေါက်မျှ မရှိဘဲ အလွန်မှောင်လွန်းရကား သူ့ရှေ့ရှိ သူ့လက်ချောင်းများကိုပင် မမြင်ရတော့ပေ။ ရှဲ့ရှင်းလန်မှာ သွေးမိစ္ဆာဓားမှ ထုတ်ပေးနေသော အလင်းနီခပ်မှိန်မှိန်ကြောင့်သာ အခန်းကို မြင်တယ်ဆိုရုံမျှသာ မြင်ရလေသည်။

        အခန်းတွင်းရှိ ပရိဘောဂများမှာ သရုပ်ဆောင်များနေသည့် အခန်းများနှင့် ထူးမခြားနားဆိုသော်လည်း ပရိဘောဂများမှာ ပိုအိုဟောင်းပြီး တံစက်မြိတ်တွင် ပင့်ကူမျှင်များ ထူထဲစွာရှိနေပြီး ကြမ်းပေါ်တွင်တော့ ဖုန်အထပ်လိုက်ရှိနေသည်။ သူ ခြေချလိုက်ရုံနှင့် ခြေရာက အလွယ်လေးထင်သွားတော့သည်။

        အခန်းထောင့်တွင် ဖွင့်ထားသည့် ခရီးဆောင်အိတ်ရှိနေသော်လည်း အထဲရှိပစ္စည်းအားလုံးမှာ မှိုတက်နေပြီဖြစ်သည်။ ချိတ်နှင့်လှန်းထားသော အဝတ်အစားများမှာ အခြောက်လှမ်းထားသည့် ဝက်ပေါင်များအလားဖြစ်နေပြီး ခုတင်ဘေးရှိ စားပွဲပေါ်တွင်တော့ စားလက်စ ပုပ်သိုးနေသော အစားအသောက်များ ရှိလေသည်။ တစ်ယောက်ယောက်ကတော့ ဒီနေရာတွင် ခဏနေသွားခဲ့သည်။

        ထို့အပြင် အခန်းတွင်း ဗီရိုပေါ်တွင် ခဲရောင်မီးအိမ်တစ်ခုရှိနေသည်။ မီးအိမ်မှာ ဖုန်းတစ်လုံးနှင့်ပင် ဆင်တူသေးသည်။ ရှည်လျား၊ သေးသွယ်ပြီး တစ်ခုလုံး နက်ပြာရောင်ဖြစ်ကာ အတွင်းတွင်တော့ မီးစာမပါပေ။

        ကျန်းရှော့နှင့် ကူယွီတို့၏ အသံများမှာ သူတို့သည် တံခါးအပြင်ဖက်လေးတွင်ပင် ရှိနေသည့်အလား ရှင်းလင်းပြတ်သားစွာ ကြားနေရသည်။ ရှဲ့ရှင်းလန်၏ အမူအရာမှာ တင်းမာနေသည်။ "ဒီနေရာက ဘေးကင်းတာ သေချာလား။"

        "သူတို့ သေချာပေါက် ဝင်လာလို့မရဘူးဆိုတာ စိတ်ချထားလိုက်ပါ။"

        ရုတ်တရက် ရှဲ့ရှင်းလန်မှာ လူစကားကို ကြားလိုက်ရလေသည်။ သူ၏ အိတ်ကပ်တွင်းရှိ ကျီးကန်းမှာ အနည်းငယ် တုန်ယင်သွားသည်။ တစ်ချိန်တည်းတွင် အခန်းထဲရှိ တစ်ခုတည်းသော မီးအိမ်မှာ ခပ်နွေးနွေး သနပ်ခါးရောင် အလင်းနှင့် လင်းသွားသည်။ အလင်းက ဖြည်းဖြည်းချင်း တောက်ပလာသည်။ ရှဲ့ရှင်းလန်ရှိနေသည့် ထောင့်တစ်နေရာသည်လည်း လင်းသွားပြီး သူ့ဘေးပတ်ဝန်းကျင်ကတော့ ပိုမှောင်သွားသည်။

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now