Arc 4 အပိုင်း {၈၆} (Z+U)

6.8K 1.6K 90
                                    

၁၅၅၂ သရဲခြောက်သောအိမ်ကြီး (၁၈)

UNICODE

"နောက်ကျ ဘာဖြစ်သွားလဲ။ အကြီးမက ဘယ်လိုလုပ် သေသွားတာလဲ။" ယွမ့်ဇျဲ မေးရဖို့ မစောင့်နိုင်တော့။

ရှဲ့ချီက ဖြေသည်။ "အငယ်မက သရဲဖြစ်သွားတယ်။ သူ့အစ်မ လူတွေစားမှာစိုးလို့ သူ့အစ်မရဲ့ သွားတွေကို ဆွဲနုတ်ပစ်ပြီး ရက်ရက်စက်စက် သတ်ပစ်တယ်။ သူ့အစ်မ သရဲဖြစ်သွားပြီး သေပြီးတာတောင် လူတွေကို ဒုက္ခပေးမှာစိုးရိမ်လို့ သူ့အစ်မရဲ့သွားတွေကို အိမ်ရဲ့ နေရာတိုင်းမှာ ဖွက်ထားတာ။ အကြီးမက တကယ်လဲ သရဲဖြစ်သွားပြီး အငြိုးကြီးလွန်းလို့ သူ့ညီမထက် ပိုပြီးတောင် အားကြီးသေးတယ်။ အိမ်မှာ ညီအစ်မနှစ်ယောက်လုံး ရှိနေရော။ တောင်တစ်လုံးမှာ ကျားနှစ်ကောင်မနေနိုင်ဘူးလေ။ အားနည်းတဲ့ အငယ်မအဖိနှိပ်ခံလိုက်ရပြီး သူ့ရဲ့ သရဲစွမ်းအားတွေ လျော့သွားတယ်။ နံရံထဲမှာ ဖွက်ထားတဲ့ အလောင်းမှာပဲ တွယ်ကပ်နေနိုင်ပြီး သူ့အစ်မသွားတွေ အကုန်စုလို့မပြီးခင် တစ်ယောက်ယောက် သူ့ရှေ့ကို ရောက်လာဖို့ စောင့်နေပြီး သူ့အစ်မကို လုံးဝအပြီးသတ် သတ်ပစ်ချင်တာ။"

ယွမ့်ဇျဲနှင့် လုဝမ်မှာ အံ့ဩသွားသည်။

လုဝမ်က မေးသည်။ "စားဖိုမှူးကျတော့ကော။ စားဖိုမှူး ကကော ဘယ်လိုဖြစ်တာတုန်း။"

"အကြီးမ သရဲဖြစ်သွားတော့ စားဖိုမှူးကို တစ်ခါတည်းသတ်ပစ်ပြီး ပရလောကမှာ သူ့အတွက် ချက်ပြုတ်ခိုင်းတာ။ အဲ့ဒါကြောင့် ငါတို့ မီးဖိုချောင်ထဲသွားကြည့်တာတောင် အ​ကြွင်းအကျန်တွေဘာမှမတွေ့ရတာပဲ။ ဒီအစားအစာတွေက ဒီဖက်လောကကမဟုတ်တဲ့ အကြီးမအတွက် ချက်ပြုတ်ပေးထားတာတွေပဲ။ စားဖိုမှူးကို အကြီးမက ခိုင်းစားထားတာမို့ ဒီအိမ်မှာ လင်မယားနှစ်ယောက်နေခဲ့ပါတယ်ဆိုပြီး ညာတာ။ ဒီကိုလာဖို့ ဖိတ်စာကိုလည်း အကြီးမက စီစဥ်ခဲ့တာတဲ့။ အကြီးမက သူ့ကို ထိန်းချုပ်ထားတဲ့ စည်းမျဥ်းတွေကို ဖျက်ပြီး လူသတ်ချင်လို့ ငါတို့ကို သူ့ရဲ့သွားတွေ လိုက်ရှာစေချင်တာ။"

"ညီအစ်မတွေသေသွားတော့ ဒီနေရာကို ခြေချဖူးတဲ့လူတွေလည်း သေတာပဲ။ အငယ်မရဲ့ ချစ်သူနဲ့ ဒီကိုစုံစမ်းဖို့လာတဲ့ ရဲလည်းပါတယ်။ တဖြည်းဖြည်းနဲ့ ဒီနေရာက နာမည်ကြီး သရဲခြောက်တဲ့နေရာဖြစ်လာပြီး အနီးနားက လူတွေလည်း ပြောင်းကုန်ကြရော။ ဆယ်နှစ်ကုန်သွားပြီး လွန်ခဲ့တဲ့ လနည်းနည်းလောက်တုန်းက အကြီးမက ထီထိုးထားတဲ့ ကျောက်ကျင်ဟွာကို ပရလောကဖုန်းနဲ့ ဆက်သွယ်ပါရော။ ဇိမ်ခံအိမ်ကြီးမှာ ခြောက်ရက်နေခွင့်ရဖို့ အရွေးခံရပါတယ်ဆိုပြီး ကျောက်ကျင်ဟွာကို ပြောတယ်။"

ကိုယ်တူစိတ်ခွဲ ချစ်သူ(灵异片演员app)[COMPLETED]Where stories live. Discover now