Chapter 3
"Demo ထတော့လေ Demo ထရမဲ့အချိန်ရောက်ပြီ"ကျနော့နားထဲ အသံတွေ ကျနော့ကိုနှိုးနေတဲ့အသံတွေ..
အစက အိပ်မက်ပဲထင်နေတာ နောက်တော့ တကယ်နှိုးနေတာမှန်း သိလိုက်တယ်
ကျနော်မထူးပဲ ပေကတ်အိပ်မိရင်း သတိရလို့မေးလိုက်မိတယ်
"Osakaရောက်ပြီလား"
ရယ်သံသဲ့သဲ့နဲ့အတူ
"Tokyoမှာတောင် ဖျော်ဖြေမပြီးသေးတာ Osakaကို ဘယ်လိုရောက်မှာလဲ"ဆိုတဲ့ ကျော်ဇင့်အသံကိုကြားလိုက်တယ်မျက်လုံးဖွင့်ကြည့်လိုက်မိတော့ "ကဲပါ နည်းနည်းလောက် ထပ်အိပ်ချင် အိပ်လိုက် ၁၅မိနစ်လောက်ရသေးတယ် " ဆိုတဲ့ ကျော်ဇင့်စကားသံအဆုံးမှာပဲ
"ဟင့်အင်း....တော်ပြီ မအိပ်တော့ဘူး ထလိုက်တော့မယ် "လို့ပြောပြီး အိပ်ရာပေါ်ကဆင်းပြီး ကျနော်ရေချိုးခန်းဆီလျှောက်သွားလိုက်တယ်
"၄၅မိနစ်အတွင်း အပြီးပြင်ပြီး Lobbyကိုထွက်ခဲ့တော့နော် concertအတွက် stage designနဲ့ ကျန်တာတွေ ဆွေးနွေးဖို့ ၂နာရီအရောက် သွားရမယ်"လို့ ကျော်ဇင်လှမ်းအော်တဲ့အသံကိုကြားလိုက်တယ်။
"အခုမှ ၁၁ရှိသေးတာ ၂နာရီအရောက်သွားဖို့ကို ဘာလို့ပြင်ဆင်ချိန်က ၄၅မိနစ်ပဲရတာလဲ"လို့ လှမ်းအော်မေးလိုက်တော့
"ခင်ဗျားက ဘာမှမစားတော့ဘူးလား စားပြီးသောက်ပြီးတာနဲ့ ပြင်ရဆင်ရ သွားရလာရမှာနဲ့ အတော်ပဲ ၂နာရီ ဟိုကိုအရောက်က စီစဉ်ပေးရင် စီစဉ်ပေးတဲ့အတိုင်း လိုက်မလုပ်ဘူး အရမ်းလျှာရှည်ပြတာပဲ"ဆိုတဲ့ ကျော်ဇင့်အသံ ပွစိပွစိကို ကြားမိတော့ ရေချိူးရင်း ကျနော် အော်ရယ်မိတော့တယ်။
YOU ARE READING
ချစ်မိသွားတဲ့အခါ
Romanceကျနော်က ဘ၀မှာ သီချင်းတွေ ဖန်တီးနေရရင် ပျော်တယ် ၊ ကျနော့အတွက် ဘာမှ မလိုအပ်တော့ဘူး "အချစ်?? ဟုတ်လား?မလိုအပ်ပါဘူး ကျနော့်အတွက် " အချစ်ဆိုတာ မလိုအပ်ဘူးဆိုတဲ့ ၊ သီချင်းတွေ ဖန်တီးနေရရင်ပျော်တဲ့၊အေးတိအေးစက် ဂျစ်ကန်ကန်ကောင်လေးက အချစ်နဲ့တွေ့ခဲ့ရင်ရော??????