Chapter 24
“အားလုံးပဲ မင်္ဂလာပါ ၊ မြတ်လေးကို မှတ်မိကြဦးမယ်လို့ ထင်ပါတယ်၊
ဟုတ်ပါတယ် ၊ လွန်ခဲ့တဲ့ နှစ်နှစ်က Demoကောင်မလေးအဖြစ် နာမည်ကြီးခဲ့တဲ့ မြတ်လေးပါ၊အဲ့ဒီအချိန်က မြတ်လေးတွေ့ကြုံနေခဲ့ရတဲ့အရာတွေ ၊ ရင်ဆိုင်လိုက်ရတဲ့ ကိစ္စတွေဟာ အရမ်းကို ကြီးမားတာကြောင့် ရှေ့ထွက်ဖို့မရဲခဲ့ဘဲ သူရဲဘောကြောင်စွာနဲ့ ပုန်းရှောင်ခဲ့မိပါတယ် ။
သတ္တိကိုရှေ့ထားပြီး မဖြေရှင်းနိုင်ခဲ့ဘဲ ပျောက်ကွယ်သွားဖို့ကသာ အကောင်းဆုံးလို့ မြတ်လေးထင်ခဲ့မိလို့ပါ။
အရင်ဦးဆုံး မြတ်လေးကို အားပေးပြီး အခုလို လူတွေရှေ့ပြန်ထွက်ရဲလာအောင် အားအင်တွေပေးခဲ့တဲ့ ကို့ကို ကျေးဇူးတင်ပါတယ်။
မြတ်လေးသဘောကျ ဘာမဆိုဆုံးဖြတ်ပါလို့ ပြောခဲ့ပေးလို့လဲ ကျေးဇူးပါ။
အချစ်ဟာ အရာရာကို ကျော်လွှားနိုင်တယ်တဲ့။ကို့အချစ်နဲ့ မြတ်လေးအားလုံးကို ရင်ဆိုင်နိုင်ခဲ့တာပါ။
အခုချိန်မှာ ပတ်၀န်းကျင်ကို ထည့်မစဉ်းစားဘဲ အားလုံးကို ဖွင့်ပြောမယ်ဆိုတော့လဲ မြတ်လေးသဘောဆိုတဲ့ ကို့ကို အရမ်းချစ်ပါတယ်။
ဘာကိုမှမပြောဘဲ မြတ်လေးပျောက်သွားတုန်းကလဲ မြတ်လေးသဘောအတိုင်း ဘာတခွန်းမှ မပြောဘဲ လက်ခံပေးခဲ့လို့ ……
လက်ထဲက ဖုန်းကို ဆွဲလုခံရတာမို့ မော့ကြည့်လိုက်တော့ ကျော်ဇင်။
“ဘာလုပ်ဖို့ ဒါတွေဖတ်နေတာလဲ ၊ မဟုတ်တာတွေကို အလကား ကိုယ့်စိတ်ပဲ ညစ်ညူးရတယ်”
“ရပါတယ်ကွာ ၊ မြတ်လေး ဘာတွေပြောထားသလဲလို့ပါ၊ဒါမှ ပြန်ဖြေရှင်းတဲ့အခါ ဘာတွေဖြေရှင်းရမလဲ သိမှာပေါ့”
“ဘာမှ မရှင်းနဲ့၊ ကိုဇေယျာ ရှင်းပေးလိမ့်မယ်၊ အကို လုပ်ရမှာ အေးအေးဆေးဆေးနားဖို့ပဲ”
“ငါ့ကိစ္စလေကွာ၊ နေရာတကာ ကိုဇေယျာနေလို့ မဖြစ်ဘူးလေ”
“တော်လိုက်တော့ ၊ ဒီတခါတော့ ပြောစကားနားထောင် ၊ အဲ့တုန်းကလဲ နားမထောင်လို့ ခုထိ ဇာတ်ရှုပ်ကြီး ဖြစ်နေတာ ၊ အဲ့ကတည်းက နားထောင်လိုက်ရင် အခုထိ အဲ့ပြသနာ ပါမလာဘူး”
“ဟုတ်ပါပြီကွာ ၊ ကြောက်ရပါတယ်”
“ထမင်းစားမယ် ၊ထွက်ခဲ့”
YOU ARE READING
ချစ်မိသွားတဲ့အခါ
Romanceကျနော်က ဘ၀မှာ သီချင်းတွေ ဖန်တီးနေရရင် ပျော်တယ် ၊ ကျနော့အတွက် ဘာမှ မလိုအပ်တော့ဘူး "အချစ်?? ဟုတ်လား?မလိုအပ်ပါဘူး ကျနော့်အတွက် " အချစ်ဆိုတာ မလိုအပ်ဘူးဆိုတဲ့ ၊ သီချင်းတွေ ဖန်တီးနေရရင်ပျော်တဲ့၊အေးတိအေးစက် ဂျစ်ကန်ကန်ကောင်လေးက အချစ်နဲ့တွေ့ခဲ့ရင်ရော??????