Part 7

202 12 0
                                    


Chapter12

"Demoရေ မနက်ဖြန် ပွဲတက်ဖို့ရှိတယ်နော် အဆင်သင့်ဖြစ်ပြီလား"

Studioခန်းထဲ သီချင်းလုပ်နေရင်း ကိုဇေယျာ့အသံကြောင့် Demoလှည့်ကြည့်လိုက်သည်။

"Okပြီ အကို"

"အေး အရင်တခါလို့ တက်မဲ့ပွဲ မမှားနဲ့"

"ဟား ဟား မမှားတော့ပါဘူး အကိုရာ အဲ့တုန်းကscheduleအရမ်းကြပ်သွားလို့ပါ"

"ဟုတ်ပါပြီ Demoရာ မင်းဘယ်တုန်းကမှ scheduleမချောင်ဖူးပါဘူး
ခုရော နားတော့လေ တနေကုန် photo shootingတွေဆက်ပြီး မနားရသေးဘူးမလား မနက်ပွဲတက်ရမှာ မျက်ကွင်းတွေကျနေရင် scandalတွေ ထွက်ဦးမယ်"

"ဟုတ်ကဲ့ အကို ပြန်တော့မှာ ခနနေရင် အခုက ခေါင်းထဲပေါ်လာတာလေးရှိလို့ အကြမ်းရေးနေတာ"

"Ok bye"

"See u , အကို"

Demoလဲ ပြန်ဖို့ပြင်ရင်း ကျော်ဇင့်ဆီဖုန်းခေါ်လိုက်တယ်။

"ကျော်ဇင်ရေ ငါဆင်းလာပြီ"

Elevatorခလုတ်ကိုနှိပ်ရင်း ကောင်မလေးကို သတိရမိသွားပြီး ပြုံးလိုက်မိသည်။ကောင်မလေးက ချစ်ဖို့ကောင်းသည်။

တွေးနေရင်း elevatorတံခါးပွင့်လာလို့ အထဲ၀င်မယ်အလုပ် ထွက်လာသူက ‌လွန်းဖြစ်နေလို့ သူအံ့ဩသွားသည်။

"ဟာ လွန်း ဒီအချိန်ကြီး အကို့ဆီလာတာလား တခုခုရှိလို့လား နောက်ကျနေပြီ အဖော်ရော ပါရဲ့လား"

" ၀င်မှာဖြင့် ၀င်ရှင် ကျမဘာသာ ဘယ်လာလာပေါ့"

"ဟာဗျာ စွာလိုက်တာ စိတ်ပူလို့ကို။  မ၀င်ဘူး ခုမှသတိရတယ် ကျနော် အကို့ဆီ သွားရဦးမှာ လာလေ သွားမယ်"

ပြောချင်တာပြောပြီး ရှေ့ကလျှောက်သွားသည့် သူ့ကို ကြည့်ရင်း မျက်စောင်းထိုးလိုက်ဖို့ပဲ လွန်းဆက် တတ်နိုင်တော့သည်။

"ဒေါက် ဒေါက် ဒေါက်" တံခါးခေါက်သံကြောင့် ဇေယျာသော် "၀င်ခဲ့‌"လို့ လှမ်းပြောလိုက်သည်။

ညီမလေးလာမယ်လို့ ဖုန်းဆက်ထားတာမို့ လွန်းဆက်ပဲဖြစ်မယ်လို့တွေးရင်း ပြန်ဖို့ပြင်လိုက်သည်။

ချစ်မိသွားတဲ့အခါWhere stories live. Discover now