Chapter14စာဖတ်ခန်းထဲတွင် လွန်းဆက်အလုပ်လုပ်နေစဉ် ကိုကို၀င်လာသည်။
"ညီမလေး ခနလောက် စကားပြောရအောင်"
ထူးထူးဆန်းဆန်း စကားတွေခံနေသော ကိုကို့ကြောင့် လွန်းဆက်မှာ အံ့ဩသွားသည်။
"အင်း ပြောလေ ကိုကို အရေးကြီးတယ်ထင်တယ်"
"အရေးကြီးတယ်တော့ မဟုတ်ပါဘူး ကိုကို့အနေနဲ့ မေးချင်တာလေးရှိလို့ ညီမလေးဆီက အဖြေကိုသိရမှ ကိုကိုဆုံးဖြတ်လို့ရမှာလဲရှိလို့"
ကိုကို့စကားကြောင့် လွန်းဆက် လက်ထဲမှ ခဲတံကို ဘေးချလိုက်ရင်း
"ဟင် ဘာကိုလဲ ကိုကို မေးလေ"
"Demo နဲ့ ညီမလေးကြားမှာ ထူးခြားတဲ့ဆက်ဆံရေး ရှိနေတာလား"
"ဟင် ဘယ်သူနဲ့ ဘာဆက်ဆံရေး????
မရှိပါဘူး ကိုကိုရဲ့ ခုမှ နှစ်ခါလား သုံးခါလားမသိ ဆုံဖူးတာ ကိုကို့မိတ်ဆွေမို့ လွန်းဆက်က အလိုက်အထိုက် ဆက်ဆံရုံပါပဲ ဘာဖြစ်လို့လဲ ကိုကို""အင်း ညီမလေးနဲ့နှစ်ယောက်တွဲပုံတွေ ကိုကို့ဆီရောက်လာတယ် "
"နှစ်ယောက်တွဲပုံတွေ ????”
လွန်းဆက်မှာ အံ့ဩလွန်းလို့ ဘာဆက်ပြောရမှန်းတောင် မသိတော့အောင်ဖြစ်သွားသည်။
သူ့ကို နာမည်ကြီးတယောက်မှန်း သိပေမဲ့
personalအရပါ လွတ်လပ်ခွင့်မရှိသည့် သူ့ဘ၀ကြီးကို သူ့အစား မွန်းကျပ်မိသွားသည်။"ဘာတွေလဲ ကိုကိုရယ် ဘယ်လိုပဲ နာမည်ကြီးတယောက်ဆိုပါစေဦး
သူ့အနေနဲ့ personalအရ ခင်မင်မှုအရ မိတ်ဖြစ်ဆွေဖြစ် ဘယ်မိန်းကလေးနဲ့မှ သီးသန့်မတွေ့ရတော့ဘူးလား ကိုကိုရယ်""အဟင်းးး ဒီလိုပဲပေါ့ ညီမလေးရယ် ညီမလေးတို့ချင်း ဘာအကန့်မှမရှိတာ သေချာရင် ကိုကို storyတစ်ပုဒ်ထုတ်ဖို့ လိုနေပြီ"
"ဟင် ဘာထုတ်ဖို့"
ကိုကိုကရယ်ရင်း လွန်းဆက်ခေါင်းကို လှမ်းပုတ်ကာ
"ညီးလေး နားမလည်ပါဘူး ဘာနေနေ အခုကစပြီး ကိုကိုပြောတာ လက်ခံဖို့ပြင်ထား မဟုတ်ရင်တော့ ညီး မြန်မာပြည်ကနေ အမြန်ဆုံးထွက်ပြေးရပြီး နေ့ချင်းညချင်း နာမည်ကြီးသွားမယ်"
YOU ARE READING
ချစ်မိသွားတဲ့အခါ
Romanceကျနော်က ဘ၀မှာ သီချင်းတွေ ဖန်တီးနေရရင် ပျော်တယ် ၊ ကျနော့အတွက် ဘာမှ မလိုအပ်တော့ဘူး "အချစ်?? ဟုတ်လား?မလိုအပ်ပါဘူး ကျနော့်အတွက် " အချစ်ဆိုတာ မလိုအပ်ဘူးဆိုတဲ့ ၊ သီချင်းတွေ ဖန်တီးနေရရင်ပျော်တဲ့၊အေးတိအေးစက် ဂျစ်ကန်ကန်ကောင်လေးက အချစ်နဲ့တွေ့ခဲ့ရင်ရော??????