Chapter 29
စားပွဲပေါ်ရောက်လာသည့် Air Ticketကြောင့် မော့ကြည့်လိုက်တော့ ညီမလေး။
ဘယ်သူက ကြည့်ကြည့် ငိုထားသည့်မျက်လုံးများနှင့်။
ဇေယျာ့ရင်ထဲ တင်းကျပ်သွားသည်။
“ပြန်တော့မလို့ ၊ မေမေကလဲ မလာနိုင်တော့ဘူး။ concertအတွက်လဲ မလိုတော့ဘူးဆိုတော့ ကိုယ့်နေရာကို ပြန်တော့မယ်”
“အင်း ဘယ်နေ့လဲ”
“နောက်တပတ် ကြာသပတေးနေ့”
“ဟင် မြန်လှချည်လား ၊ ဒီနေ့ အင်္ဂါဆိုတော့ သိပ်မလိုတော့ဘူးပဲ”
“အင်း ဘာမှ ထူးထူးထွေထွေ ပြင်စရာမရှိတာ”
“အင်းပါ မေမေ့ကိုရော”
“ပြောပြီးပြီ”
“ကိုကို လိုက်ပို့ပေးမယ်လေ ၊လေဆိပ်ကို”
“အင်း”
ထွက်သွားသည့် ညီမလေးကို ကြည့်ရင်း ဇေယျာ သနားမိလာသည်။
ဒီဆုံးဖြတ်ချက်က တကယ်ပဲ ညီမလေး ပျော်ရမှာလား။
နောက်ထပ် လုပ်နိုင်မဲ့နည်းလမ်းတွေ မရှိဘူးလား။
သူ ဖုန်းခေါ်လိုက်သည်။
“တီ တီ တီ တီ”
“ဟဲလို”
“အင်း လင်းထက် ၊ မင်းကူညီရမှာ ရှိတယ်”
***************************************
Chapter 30
ပြန်ဖို့အတွက် လိုအပ်တာတွေပြင်ဆင်နေရင်း ၀င်လာသည့်Messageကြောင့် လွန်းဆက် ဖုန်းကို လှမ်းယူလိုက်သည်။နန္ဒာပဲ ဖြစ်မည်။
နောက်2လေလာက်နေမှ ပြန်မည်ဟုပြောထားပြီး ရုတ်တရက် ထပြန်တာမို့ ရန်လုပ်ခံရတော့မည်ထင်သည်ဟု တွေးရင်း ပြုံးလိုက်မိပြီး Messageကို ဖွင့်ဖတ်လိုက်သည်။
“ကျွန်မ မြတ်လေးပါ ၊ နှောက်ယှက်မိသလို ဖြစ်သွားရင် တောင်းပန်ပါတယ်၊ အရေးကြီးစကားပြောစရာရှိလို့ အချိန်ရှိမယ်ဆိုရင် တွေ့ပါရစေ၊ အဆင်ပြေရင် အချိန်နဲ့ နေရာကို ပြောလိုက်ပါ့မယ်”
မထင်မှတ်ထားသောစာကြောင့် လွန်းဆက်ကြောင်သွားသည်။
ဘာလို့ပါလိမ့်။သူနဲ့ လွန်းဆက်ကြားတွေ့စရာ ဘာအရေးကြီးကိစ္စရှိလို့ပါလိမ့်။
Demoပြောသလို အထင်လွဲတာတွေများ ရှိလို့လား?
တွေ့ကြည့်မှ သိမှာမို့ တွေ့ကြမယ်လို့ပဲ အကြောင်းပြန်လိုက်သည်။
ခနနေတော့ နေရာနှင့် အချိန်ပို့လိုက်တာမို့ အချိန်ဇယားကို စစ်ကြည့်ပြီး Okလို့ အကြောင်းပြန်ပေးလိုက်သည်။
ဒီးးဒီးးးးးးဒီ ဒီးးဒီဒီးးး
စားပွဲပေါ်မှ ဖုန်းမြည်သံကြောင့် ကြည့်လိုက်တော့ မြတ်လေး။
“အင်း”
“ငြိမ်နေလို့လေ ၊ အကြောင်းလဲ မပြန်ဘူး။
ဘယ်လိုလုပ်ဖို့ စိတ်ကူးထားလဲလို့ သိချင်လို့၊ မနေနိုင်တဲ့သူက ဖုန်းဆက်ရတော့တာပေါ့”
“မင်း တော်တော် အရှက်မရှိတာပဲ”
“ဘာဖြစ်လဲ မြတ်လေးတို့က လိုချင်တာရဖို့ဆိုရင် ဘာကိုမှ ဂရုမစိုက်ဘူး”
“အဲ့တော့ မင်း ဘာရသွားလဲ”
“Demoရဲ့ အချစ်ဦးဖြစ်ရတယ်လေ ဟား ဟား ၊ အဲ့တာ မိန်းကလေးတော်တော်များများ လိုချင်နေကြတဲ့အရာပဲလေ”
“အဲ့တာရရုံနဲ့ မင်းအတွက် ဘာအကျိုးအမြတ်ရှိမှာလဲ”
“ဘာပဲဖြစ်ဖြစ်ပါ ရှင်နဲ့မဆိုင်ပါဘူး၊ မြန်မြန်ဆုံးဖြတ်ပြီး Official Statementထုတ်တော့နော် ၊ကြာလာရင် စိတ်မရှည်တာနဲ့ မြတ်လေး ဘာလုပ်မိမယ် မသိဘူး”
“တောက်”
“Bye”
ဒုန်း ခွမ်း
ကျော်ဇင် ပြေး၀င်လာတော့ ကြမ်းပြင်ပေါ်မှာ ဖုန်းက တစစီ၊ ဒီရက်ပိုင်းအတွင်း ဖုန်းနှစ်လုံးရှိပြီ ။နောက်ထပ် ပြသနာမပြေလည်ခင်အထိ ဘယ်နှစ်လုံးများ လာမလဲ မသိ။
“ကျော်ဇင်”
ဖုန်းကို ကြည့်ရင်း တွေးနေမိရာကနေ ခေါ်လိုက်သံကြောင့် လန့်သွားသည်။
“ဗျာ”
“ကိုဇေယျာဆီ သွားမယ်”
“ဟုတ်ကဲ့ အကို”
ဒေါက် ဒေါက် ဒေါက်
အထဲက စကားပြန်တာကို မစောင့်တော့ဘဲ တံခါးခေါက်ပြီးပြီးချင်း ၀င်လိုက်သည်။အထဲမှာ လင်းထက်နှင့် ကိုဇေယျာ။
ကိုဇေယျာက သူ့ကိုမြင်တော့
“ဟာ ညီ လာကွာ၊ မဟုတ်တောင် ကိုယ် မင်းကို လှမ်းခေါ်တော့မလို့”
“ဟုတ် အကို ၊ ဘာကိစ္စလဲ”
“မင်းကရော”
“မြတ်လေးကိစ္စ၊ တောင်းပန်ပါတယ် အကို၊ ကျနော် ငြင်းချက်ပဲထုတ်ပါမယ်၊ အကို စိတ်ပူနေတာကို သိပေမဲ့ လွန်းကို လုံး၀မထိခိုက်စေရအောင် ကျနော် ကာကွယ်မှာပါ”
“အဟား ယုံပါတယ်ကွာ ၊ အကိုတို့ အခုပြောနေတာကလဲ အဲ့ဒီကိစ္စပါပဲ၊အကိုတို့ဘက်က သက်သေနဲ့ ပြန်ငြင်းလို့ရပြီ”
“ဘယ်လိုလဲ အကို”
YOU ARE READING
ချစ်မိသွားတဲ့အခါ
Romanceကျနော်က ဘ၀မှာ သီချင်းတွေ ဖန်တီးနေရရင် ပျော်တယ် ၊ ကျနော့အတွက် ဘာမှ မလိုအပ်တော့ဘူး "အချစ်?? ဟုတ်လား?မလိုအပ်ပါဘူး ကျနော့်အတွက် " အချစ်ဆိုတာ မလိုအပ်ဘူးဆိုတဲ့ ၊ သီချင်းတွေ ဖန်တီးနေရရင်ပျော်တဲ့၊အေးတိအေးစက် ဂျစ်ကန်ကန်ကောင်လေးက အချစ်နဲ့တွေ့ခဲ့ရင်ရော??????