Chapter 31
မြတ်လေးနှင့် ချိန်းထားတာမို့ သွားဖို့ပြင်ဆင်ပြီး ဖုန်းကိုရှာတော့ အားကုန်နေတာမို့ အားသွင်းမထားမိသည့် ကိုယ့်ကိုယ်ကိုပဲ စိတ်တိုမိတော့သည်။Power Bankယူလိုက်ပြီး သွားရင်းနဲ့အားသွင်းတော့မယ်လို့ တွေးလိုက်သည်။
ဖုန်းအားသွင်းဖို့တောင် အာရုံမရသည့် ကိုယ့်အဖြစ်ကိုပင် ရယ်ချင်ချင်။
“ဝေဝေရေ”
“ရှင် မမ”
“ငါ့ဖုန်းက အားကုန်နေလို့ ကိုကိုရှာနေမှာစိုးလို့ ၊ နင့်လှမ်းမေးရင် ချိန်းထားတာရှိလို့ အပြင်သွားတယ်လို့”
“ဘယ်သွားတယ်လို့ ပြောရမလဲ မမ၊ ကိုကိုကြီးက နေရာမမေးထားရင် ဆူမှာ”
“S Hotel , အသိတယောက်နဲ့လို့”
Demoမှာ သတင်းစာရှင်းလင်းပွဲကအပြန် ဖုန်း၀င်လာတာကြောင့် ဖွင့်ကြည့်တော့ မြတ်လေး။
“ရှင်တော်တော် ယုတ်မာတာပဲ”
ဖုန်းကိုင်ကိုင်ချင်း ထွက်လာသည့်အသံကြောင့် Demoရယ်လိုက်မိသည်။
“ယုတ်မာတယ်၊ ငါကလား? ဘာတွေများ ယုတ်မာမိလို့လဲ?”
“ရှင်စောင့်ကြည့်နေလေ ၊ ရှင်နိုင်တာလား ၊ ကျွန်မနိုင်မှာလားဆိုတာ”
“ကြည့်ပါ နိုင်တာ ရှုံးတာစိတ်မ၀င်စားဘူး ၊ နောက်တခါ ငါ့ကို မဆင်မခြင်လာမထိဖို့ပဲ နားလည်ထား”
“အိုကေလေ ဒါနဲ့ ကျွန်မ အခု ဘယ်သူနဲ့တွေ့မလို့လဲဆိုတာသိလား”
“ဘာ”
“လွန်းဆက်နဲ့ တွေ့မလို့”
“မင်းး”
“ဖြေးဖြေးအော်ပါ ၊ နားစည်တောင် ကွဲတော့မယ်၊ ဘယ်သူက Storyအရေးကောင်းလဲဆိုတာ တခါလောက် ပြိုင်ကြည့်မလား”
သူဖုန်းကို ချက်ချင်းချလိုက်ပြီး လွန်းဆီ လှမ်းခေါ်လိုက်သည်။ဖုန်းက စက်ပိတ်ထားသည်တဲ့။
ကိုဇေယျာဆီ အကျိူးအကြောင်းလှမ်းပြောတော့ စိတ်မပူဖို့နဲ့ အိမ်ကို လှမ်းမေးပေးမယ်လို့ ပြန်ပြောသည်။
ခနနေတော့ ကိုဇေယျာဆီက ဖုန်းပြန်၀င်လာသည်။
“S Hotelတဲ့ ညီ”
“ကျော်ဇင် ၊ အခုချက်ချင်း S Hotelကို မောင်း၊ အမြန်ဆုံးရောက်အောင်မောင်း”***************************************
Chapter 32
Hotel ကားပါကင်မှာ ကားရပ်လိုက်ရင်း သတင်းထောက်တွေ တွေ့လိုက်တာမို့ လွန်းအံ့ဩသွားသည်။
YOU ARE READING
ချစ်မိသွားတဲ့အခါ
Romanceကျနော်က ဘ၀မှာ သီချင်းတွေ ဖန်တီးနေရရင် ပျော်တယ် ၊ ကျနော့အတွက် ဘာမှ မလိုအပ်တော့ဘူး "အချစ်?? ဟုတ်လား?မလိုအပ်ပါဘူး ကျနော့်အတွက် " အချစ်ဆိုတာ မလိုအပ်ဘူးဆိုတဲ့ ၊ သီချင်းတွေ ဖန်တီးနေရရင်ပျော်တဲ့၊အေးတိအေးစက် ဂျစ်ကန်ကန်ကောင်လေးက အချစ်နဲ့တွေ့ခဲ့ရင်ရော??????