Chapter6
အပြင်ဘက်တွင် အပူရှိန်က ပူပြင်းလွန်းလှသည်။ခင်လွန်းဆက်တယောက် အိတ်ထဲက Tissueထုတ်ကိုယူလိုက်ရင်း နဖူးကချွေးတို့ကို ဖွဖွလေး ဖိသုတ်ကာ အရှေ့ကို လှမ်းမျှော်ကြည့်လိုက်သည်။ မလာသေး။
လေယာဉ်ဆိုက်မဲ့အချိန် အတိအကျပြောထားရက်နဲ့ ရောက်မလာသေးသော အိမ်ကကားကို လွန်းဆက်တယောက် စိတ်တိုလာမိသည်။
အပူဒဏ်ကို လွန်းဆက်မခံနိုင်။ အထူးသဖြင့် အအေးပိုင်းနိုင်ငံတွင် အနေကြာလာတော့ ပိုဆိုးသည်။အရမ်းရင်းနှီးသူ ပန်းချီဆရာမအဲရစ်က သူ့ပြပွဲကို မြန်မာနိုင်ငံတွင် လုပ်ချင်သည်။ အဲ့ပွဲကို လွန်းဆက်ပဲ စီစဉ်ပေးရမည်ဆိုပြီး တောင်းဆိုလို့သာ လွန်းဆက် လာခဲ့ရသည်။ တကယ်ဆို ကိုကို့ဆီ ပြန်မလာချင်။
ကိုကို့ကို လွန်းဆက်ကြည့်မရပါ။ အမြဲတမ်း မေမေ့ကို ၀မ်းနည်းအောင်လုပ်လေ့ရှိသည်။ ဖေဖေ့ကို အကြောင်းပြပြီး မေမေ့ထံ ဘယ်တော့မှ အလည်မလာ။ မေမေ တဖွဖွခေါ်နေသော်လဲ မအားဘူးလို့ပဲ အကြောင်းပြလေ့ရှိသည်။
ဒါကြောင့်လဲ ဒီတခေါက်ပြန်လာတာ ကိုကို့ကို အသိမပေးချင် ။ ဒါပေမဲ့ မေမေက မရ။ အတင်းကို အကြောင်းကြားပစ်သည်။ အခုကျ ကြည့်။ ခုထိ ပေါ်တော်မူမလာ။
လွန်းဆက်မှာ ကိုကို့အကြောင်းတွေးနေရင်း ဗြုန်းဆို ရှေ့ရောက်လာသည့် လူတွေ ၊ ကင်မရာတွေကို ကြည့်ရင်း လန့်သွားသည်။
ကောင်မလေးတွေမှာ အထုတ်တွေနှင့် လွန်းဆက်ကို တွန်းတိုက်သွားကြသည်။ စိတ်တိုတိုနှင့် ဘုကြည့်ကြည့်လိုက်သော်လည်း လွန်းဆက်ရဲ့ ဘုကြည့်ကို ဘယ်သူမှ စိတ်မ၀င်စား။
လက်ထဲမှာ posterအသေးစားလေးတွေ ၊ Venylအသေးလေးတွေ ကိုင်ထားရင်း လေဆိပ်ထဲ လှမ်းမျှော်ကြည့်နေကြသည်။ကင်မရာကိုင်ထားသည့်သူတွေကလဲ အဆင်သင့်အပေါက်၀ကို ချိန်ရင်း စောင့်နေကြသည်။ လွန်းဆက်လဲ စိတ်တိုတိုနှင့်ပင် စိတ်၀င်စားသွားမိသည်။ ဘာပါလိမ့်။
ကောင်မလေးအများစု၏ လက်ထဲတွင် D E M Oဟုရေးထားသော စာလုံးများနှင့် ခပ်ချောချောကောင်လေးတယောက်ပုံတွေ့လိုက်ရမှ နားလည်သွားသည်။
သူတို့အားပေးတဲ့သူတယောက်ယောက် တနေရာရာက ပြန်လာတာဖြစ်မည်။ ပင်ပန်းလိုက်တာ ။ ဒီလောက်နေပူပူထဲ ကိုယ့်အဖတ်မလုပ်သူတယောက်ကို ပျာပျာသလဲ လူအုပ်ကြားထဲတိုး လာမကြိုနိုင်ပေါင်လို့ တွေးရင်း အဲ့နေရာက ဖယ်ပေးလိုက်သည်။
YOU ARE READING
ချစ်မိသွားတဲ့အခါ
Romanceကျနော်က ဘ၀မှာ သီချင်းတွေ ဖန်တီးနေရရင် ပျော်တယ် ၊ ကျနော့အတွက် ဘာမှ မလိုအပ်တော့ဘူး "အချစ်?? ဟုတ်လား?မလိုအပ်ပါဘူး ကျနော့်အတွက် " အချစ်ဆိုတာ မလိုအပ်ဘူးဆိုတဲ့ ၊ သီချင်းတွေ ဖန်တီးနေရရင်ပျော်တဲ့၊အေးတိအေးစက် ဂျစ်ကန်ကန်ကောင်လေးက အချစ်နဲ့တွေ့ခဲ့ရင်ရော??????