Part 6

198 11 0
                                    

Chapter 9

မှာထားသည့် ကော်ဖီကိုစောင့်နေရင်း ရှေ့က နန္ဒာ့ကို လွန်းဆက်တယောက် မျက်စောင်းထိုးလိုက်မိသည်။

ကြည့်လေ ။

မတွေ့တာကြာပြီဖြစ်သည့် သူငယ်ချင်းတယောက်လုံးကို‌ ရှေ့ထားပြီး ခနနော်ဆိုပြီး ဖုန်းကိုင်လိုက်တာ ဖုန်းနဲ့မျက်နှာမခွာတော့ဘဲ ပြုံးပြုံးကြီး လုပ်နေသည်။

"နံနံမရေ"

"ဟာ အလွန်းမနော် ဘာလဲ နံနံမလို့ မခေါ်နဲ့ဆိုနေ"

"ခေါ်မှာပဲ မတွေ့ရတော့လဲ လွမ်းလှပြီ ချစ်ရေ တွေ့ချင်တာနဲ့ နားငြီး ခုတွေ့တော့ကျ ကျုပ်ကိုပစ်ထား ဟုတ်ပြီလား"

"ဟီးးး အလွန်းကလဲ တကယ်ခနလေးပါနော် ဒီနေ့သူ့သီချင်းထွက်လို့ no1ရအောင် ငါstreamနေလို့ပါဟာ တကယ်ခနလေးရယ်"

"ဘယ်သူ့သီချင်းလဲ တကယ်ပဲ ဘယ်သူမို့ အဲ့လောက်ဖြစ်နေတာလဲဟဲ့"

"Demoလေ ငါ့အသည်းလေး "

"ဟင် လာပြန်ပြီ
Demo ဘာကြိုက်တာလဲဟယ်
ငါဖြင့်မကြိုက်ပါဘူး ပဲကလဲ များမဲ့ပုံ
ချေကလဲ ချေသေးဆို
ငါပြန်လာတဲ့နေ့ကလဲ လေဆိပ်မှာ သူ့လာကြိုတဲ့သူတွေ ပြောသံကြားပါ့
ဘယ်လောက်တွေ့ချင်ချင် အမြဲမတွေ့ရဘူး ပုန်းထွက်တယ်တဲ့ ချစ်လို့ခင်လို့ ပင်ပင်ပန်းပန်းနဲ့ လာစောင့်နေတာကို သူက ကြီးကြီးကျယ်ကျယ်"

"ဟာ မဟုတ်ရပါဘူးဟာ
Demoက အရမ်းချစ်ဖို့ကောင်းတာ
ဘယ်ပရိသတ်ကိုမဆို ချစ်စရာကောင်းအောင် နွေးထွေးတာ
ချေတဲ့စတိုင်လေးကိုက အရမ်းချစ်ဖို့ကောင်းတာ အဲ့လို အချေစိန်လေးကိုပဲ ကျုပ်တို့မှာ ချစ်နေရတာပါအေ
အဲ့လိုပုန်းထွက်တယ်ဆိုတာလဲ တချို့ပရိသတ်တွေကျ အရမ်းအကဲပိုတယ်ဟ သူ့ရဲ့ private lifeကိုပါ ထိခိုက်ကြတယ်လေ"

"ဟုတ်လား အဲ့လိုတွေလဲ ရှိလား"

"ရှိပါ့ သူ့အိမ်ရှေ့သွားပြီး တနေကုန် လူခေါ်ဘဲလ်လာနှိပ်နေလို့ သူ့မယ် အခုဘဲလ်ဖြုတ်ထားရတယ်တဲ့
ပြီးတော့ တခါကလဲ Datingသတင်းထွက်တာ သူတို့သဘောတူတဲ့ လင်းထက်နဲ့မဟုတ်လို့တဲ့ သူ့အိမ်တံခါးရှေ့မှာ ဝိုင်းအုံစောင့်တာ
တချို့ဆို အိမ်တံခါးရှေ့မှာ လှဲပြီးနေကြတာ သူ့ခမျာ အိမ်ထဲက အပြင်တောင် မထွက်ရဘူးတဲ့ အေဂျင်စီကနေ ရှင်းတမ်းတွေထုတ်ပြီး ရဲတွေပါခေါ်ရှင်းရတာ"

ချစ်မိသွားတဲ့အခါWhere stories live. Discover now